Unicode
အပိုင်း (၂၂)
နောက်တစ်ပတ်အကြာတွင်တော့ ကျန်းကျယ်ဟန့်နှင့်ကုန်းကျွင့်တို့နှစ်ယောက်အတူတူ Happy Camp Variety Show ရိုက်ကူးရေးမှာပါဝင်ကြရသည်။
အစီအစဉ်တစ်ခုလုံးမှာ ထိုင်လိုက်ထလိုက်ပြေးလိုက်လွှားလိုက်ဖြစ်တာကြောင့် ကျန်းကျယ်ဟန့်၏ ဒူးခေါင်းဒဏ်ရာမှာ အတော်လေးနာကျင်နေပြီဖြစ်သည်။ ကျန်းကျယ်ဟန့်က သူ့ကြောင့် ရိုက်ကူးရေး ထိခိုက်သွားမှာ မလိုလားသဖြင့် ဘာမှမပြောပဲ တောင့်ခံထားလိုက်သည်။
ဒါရိုက်တာအဖွဲ့မှ ရိုက်ကူးရေး ပြီးဆုံးသွားကြောင်းကြေငြာပြီးလျှင် ကုန်းကျွင့် သည်ကျန်းကျယ်ဟန့် ထံသို့ ချက်ချင်းလျှောက်သွားကာ
"ကော...ကျွန်တော် စောစော က ကော ကို ထိခိုက်မိသွားတာလား " ကျန်းကျယ်ဟန့် က ချွေးစေးများထွက်နေတဲ့ မျက်နှာနဲ့သူ့ကိုပြန်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
ကုန်းကျွင့် က မျက်နှာသုတ်ပုဝါကိုယူပြီး ကျန်းကျယ်ဟန့် ကို ပေးလိုက်သည်။ ကျန်းကျယ်ဟန့် က အနည်းငယ်မောဟိုက်နေဟန်ရှိပြီး မျက်နှာမှာပန်းရောင်အမှုန့်တွေ ပြည့်နေပေမယ့် ခေါင်းယမ်းပြီးမျက်နှာသုတ်ပုဝါကို လှမ်းမယူပေ။ ကုန်းကျွင့်က မျက်မှောင်ကြုတ်ပြီးထပ်ပြောလိုက်သည်။
"ကျန်းလောင်ရှီး မျက်နှာကိုသုတ်လိုက်ပါဦး ."
ကျန်းကျယ်ဟန့် က သူ့ကို လှည့် ကြည့်လိုက်ပြီး မျက်နှာသုတ်ပုဝါကိုလှမ်း ယူကာ သုတ်လိုက်သည်။ အဖွဲ့လိုက် ဓာတ်ပုံရိုက်ပြီးနောက် Variety Show ရိုက်ကူးခြင်း ပြီးဆုံးသွားခဲ့သည်။ ကျန်းကျယ်ဟန့် သည် ခြေထောက်များ နာကျင်အားပျော့ နေသဖြင့် နားနေခန်းရှိရာသို့ ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်သည်။
ကုန်းကျွင့် သည် သူ့နောက်မှ လျှောက်လာရင်း သူ၏ ယိမ်းယိုင်တုန်ယင်နေသော ခြေလှမ်းများကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။ ကျန်းကျယ်ဟန့် က သူ့နောက်ကျောကို ထိန်းကိုင်လာတဲ့ ပျော့ပြောင်းနူးညံ့တဲ့လက်တစ်ဖက် ကို ခံစားလိုက်ရသည်။
![](https://img.wattpad.com/cover/289628127-288-k282773.jpg)
KAMU SEDANG MEMBACA
Uncontrollable Love (Completed)
Fiksi Penggemarကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...