Unicode
အပိုင်း(၄၂)
တရက်မှာတော့ ကုန်းကျွင့် တစ်ယောက် သူ့ Studio ကနေ သတင်းတစ်ခုကို လက်ခံရရှိပြီး ကျန်းကျယ်ဟန့် ဆီကို မက်ဆေ့ချ်ပို့လိုက်သည်။
Gong Jun Simon🐶: [ဟန့် ကျွန်တော်ဒုက္ခရောက်နေတယ်...]
ကျန်းကျယ်ဟန့် က သူ့ဆီပို့လာတဲ့ မက်ဆေ့ ကို ဖတ်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားသလို ခံစားလိုက်ရသည်။
ZZHFZ 🐱: [ဘာဖြစ်တာလဲ?ခွေးပေါက်လေး】
Gong Jun Simon🐶: [သူတို့က ကျွန်တော့် ကို Flaming Heart ဇာတ်လမ်းတွဲ အတွက် သီချင်းဆိုစေချင်တယ်...]
ကျန်းကျယ်ဟန့် က ကုန်းကျွင့်၏ တုံ့ပြန်မှုကို မြင်လိုက်ရတော့ ရယ်လိုက်မိသည်။ သူက စာရိုက်ပြီး ထိုခွေးပေါက်လေးကို ပြက်ရယ်ပြုလိုက်ချင်ပေမယ့် နောက်တော့ သူက ကုန်းကျွင့် ကို အားပေးသင့်တယ် လို့ တွေးလိုက်မိသည်။
ZZHFZ 🐱: [Bao~အဲ့ဒါကောင်းသတင်းမဟုတ်ဘူးလား? မင်းကိုယ့်ကိုကိုယ် အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ဖို့ အခွင့်အရေးပေးတာပဲ ဒါနဲ့ ဘာသီချင်းလဲ? 】
Gong Jun Simon🐶 : [Sweet Song (・᷄ὢ・᷅) သီချင်းစာသားက မရေးရသေးဘူး...]
ထိုစကားကြောင့်ကျန်းကျယ်ဟန့် က နှုတ်ခမ်းစူရင်း- "အိုး...ဇာတ်ကားထဲက မင်းသမီး နဲ့ အချစ်ဇာတ်လမ်းကို ဖော်ဆောင်တဲ့ သီချင်းပဲ "ဟုတွေးမိရင်း... ခဏတာတော့ နည်းနည်း ရှာလကာရည်မှောက်သလိုခံစားလိုက်ရသည်။
ZZHFZ 🐱 【အိုး 😀】
ပါးနပ်သောကုန်းကျွင့်သည် ဤအဖြေကိုမြင်သောအခါ အချက်ပေး ခေါင်းလောင်းသံသည် သူ့ဦးနှောက်ထဲတွင် ထွက်ပေါ်လာပြီး သူ၏ချစ်လှစွာသောကြောင်ပေါက်လေး စိတ်သိပ်မကြည်တော့တာကိုခံစားလိုက်ရသည်။
Gong Jun Simon🐶: [သီချင်းရေးဆရာနဲ့ကျွန်တော် ဆွေးနွေးပြီး ဟန့် အတွက် ပထမဆုံး သီချင်းရေးခိုင်းမယ်~]
ZZHFZ 🐱: [တော်စမ်းပါ သီချင်းရေးပေးမှာကဘယ်အဖွဲ့တဲ့လဲ? 】
Gong Jun Simon🐶: [SHL သီချင်းရေးတဲ့အဖွဲ့နဲ့အတူတူပဲလေ]
![](https://img.wattpad.com/cover/289628127-288-k282773.jpg)
KAMU SEDANG MEMBACA
Uncontrollable Love (Completed)
Fiksi Penggemarကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...