-16-

11.2K 1.7K 54
                                    

မြို့တော်ဝန်က ရှန်ပိန်တစ်ခွက်ကိုကိုင်ထားရင်း နဖူးပြောင်ပြောင်ဗိုက်ရွှဲရွှဲလူအချို့နဲ့ စကားစမြည်ပြောနေတယ် ။ မြို့တော်ဝန်နဲ့ရွယ်တူလူအချို့ရှိပေမဲ့ သူတို့ကမြို့တော်ဝန်နဲ့ကွဲပြားတယ် ။ အကုန်လုံးက ဆံပင်တွေကိုမရှိဘူးလို့ထင်ရလောက်တဲ့အထိ ဂျယ်တွေနဲ့ဖိကပ်ထားပြီး အဲ့ဒါက ရှောင်းကျန့်မျက်လုံးထဲအတော်လေးရယ်စရာကောင်းနေတယ် ။ ရှောင်းကျန့်ဆံပင်တွေသာ နည်းနည်းလေးပိုကြမ်းပြီးမာခဲ့ရင် မြို့တော်ဝန်လိုယောကျာ်းဆန်တဲ့ ဆံပင်မျိုးပဲထားချင်တယ် ။ ဆံပင်ကေဆိုတာသေချာပေါက်လူကိုပိုလှအောင်ပံ့ပိုးရမှာပေါ့ ။ ဒါတွေက ဘာတွေလဲ ။

ဂျယ်နာနာသုံးပြီးဆံပင်ကိုဦးရေပြားပေါ်
ဖိကပ်ထားတဲ့စတိုင်က အထက်တန်းလွှာတွေရဲ့ ပွဲတက်ဆံပင်ကေတစ်ခုပဲဖြစ်တယ် ။ ထိုယဥ်ကျေးမှုကို တိတ်တိတ်ကလေးလှောင်နေတဲ့ဆံရှည်ကောင်လေးကတော့ သူ့မြို့တော်ဝန်နောက်မှာပုန်းလို့ ။

"ဘာစားချင်လဲ "

"ကျွန်တော်ဒီအတိုင်းစောင့်နေပါ့မယ် "

မြို့တော်ဝန်ကခေါင်းညိတ်ပြီး ရှန်ပိန်တစ်ခွက်နဲ့ အကြီးအကဲပုံစံပေါ်တဲ့လူအချို့ခေါ်ရာလိုက်သွားတယ် ။

ရှောင်းကျန့်ခိုးကြည့်နေတုန်း လူအုပ်ကြားကနေ ဆတ်ခနဲစူးစိုက်ကြည့်လာတဲ့မြို့တော်ဝန်ကြောင့်ယောင်ယမ်းပြီး လက်ထဲကခွက်ကိုမော့လိုက်တယ် ။ ပါးစပ်ထဲရောက်မှ ယမကာတွေမှန်းသိလိုက်ရတာမို့သူထွေးထုတ်ချင်သွားရသည် ။

မြို့တော်ဝန်ကလူသတိမထားလောက်တဲ့ အပြုံးသေးသေးလေးသာပြုံးပေမဲ့ ရှောင်းကျန့်ကတော့သတိထားမိပါတယ် ။ မြို့တော်ဝန်က ရှန်ပိန်ခွက်ကိုတစ်ကျိုက်ထဲမော့ချလိုက်တဲ့အခါ ရှောင်းကျန့်ပါးစပ်ထဲငုံထားမိတဲ့အရည်တွေကိုအရသာခံ
ကြည့်လိုက်တယ် ။

မြို့တော်ဝန်ကြိုက်တာ ဒီလိုအရသာပဲကိုး ။

ရှောင်းကျန့်အတွက်မသတီစရာအရသာဆိုပေမဲ့ ထိုအရသာကိုခံစားနေရတာကပဲ လိပ်ပြာလေးတွေခန္ဓာကိုယ်ထဲတောင်ပံခတ်နေသလိုခံစားလာရသည် ။

~ Tailor Xiao ~ ( အပ်ချုပ်သမားရှောင်း)Where stories live. Discover now