ရှောင်းကျန့်မျက်ဝန်းတွေကမှုန်ရီနေပြီး အောက်သိုးသိုးဖုန်နံ့တွေကအာရုံထဲအလုံအရင်းလိုက်ဝင်လာတယ် ။ ခုံပေါ်ထိုင်လျက်သားကြိုးတွေတုပ်ခံထားရတာသိတော့သူဟက်ခနဲမဲ့လိုက်တယ် ။ လီယမ်....ဒီခွေးကောင် ။
"ဟော...သတိရလာပြီလား "
လီယမ်က အဝတ်ကိုချွတ်ထားရင်းသူ့ရှေ့ဝင်ထိုင်တယ် ။ ကင်မရာကိုချိန်ထားရင်းရှောင်းကျန့်အနားတိုးကပ်လာတော့သတိကြီးကြီးထားလိုက်တယ် ။ သူ့လက်ကကြိုးဖြည်နေတာကိုရပ်ထားပြီး ထိတွေ့နေတဲ့လက်တွေကိုတတ်နိုင်သလောက်ရှောင်တယ် ။
"အဲ့အဘိုးကြီးထက် ပိုကောင်းတဲ့အရသာမျိုးမခံစားချင်ဘူးလား? "
ရှောင်းကျန့်နှုတ်ခမ်းတင်းတင်းစေ့ထားရာကနေကင်မရာကမီးအနီစက်လေးကိုကြည့်လိုက်တယ် ။
"မင်းက ငါ့ကိုလုပ်ချင်တာ? "
"သေချာပေါက်ပေါ့ ... မင်းဘာကိုမှသတိမရတော့တဲ့အထိငါချစ်ပေးနိုင်တယ် သခင်လေးရဲ့ "
လီယမ်က သူ့ဂွနေရာကိုပွတ်သပ်ပြရင်းရှောင်းကျန့်ပါးစပ်ထဲဆေးရည်တွေအတင်းတိုက်လာတယ် ။
"ဒီလိုလုပ်လို့ အမွေတွေပြန်ရမယ်ထင်လား? မင်းကရာဇဝတ်မှုကိုလုပ်နေတာပဲ ၊ ရွံရှာနေရင်တောင်ငါတို့က သွေးသားတော်စပ်နေသေးတယ် "
"စိတ်လှုပ်ရှားစရာကောင်းတယ်လေ... မျက်နှာမတူဘဲ သွေးသားတော်စပ်နေတဲ့အစ်ကိုကိုလုပ်ရတာရူးသွပ်ဖို့မကောင်းဘူးလား ၊ လိမ္မာစမ်းပါ ငါက မင်းကိုသိပ်ချစ်တာ မင်းသာလိမ္မာရင်... "
"ငါ့ကိုကြိုးလေးတုပ်ထားနိုင်တာနဲ့ မင်းကိုမင်းသိပ်တော်နေပြီထင်သွားတာကိုး ၊ သနားစရာပဲ ငါကကိုယ်ပိုင်အရည်အချင်းနဲ့တောက်ပနေတဲ့ လူငယ်လုပ်ငန်းရှင် မြို့တော်ဝန်ရဲ့ချစ်သူ... မင်းကတော့ဒီတိုင်း သူများဟာလောဘတက်ရင်းစောက်ရှက်ကွဲပြီးကျရှုံးသွားတဲ့အမှိုက်သာသာပဲ "
"အမှိုက်ကလည်း တောက်ပြောင်နေတဲ့ရှုးဖိနပ်ကိုညစ်ပေသွားအောင်လုပ်နိုင်တာပဲ ၊ မင်းရဲ့ခပ်စွာစွာပုံကိုတွေးရင်းငါညတိုင်းပြီးနေတာသိလား "