ပိတ်ရက်နှစ်ရက်မှာရှောင်းကျန့်စာတွေပြီးပြတ်အောင်ကူးလိုက်ပြီး အဝတ်ချုပ်တာတွေလည်းပြန်လုပ်နေတယ် ။ မြို့တော်ဝန်ကအလုပ်သွားခါနီးမှ ရှောင်းကျန့်ထွက်လာပြီးနှုတ်ဆက်လိုက်တယ် ။ ရှောင်းကျန့်တာ့တာပြတော့ မြို့တော်ဝန်ကရယ်ပြီး လက်ပြန်ပြတယ် ။ အင်္ကျီလက်စလျှောကျသွားတော့ လက်ကောက်ဝတ်မှာ ခေါင်းစည်းကြိုးကွင်းလေးက အထင်းသား ။
"မြို့တော်ဝန်လက်မှာခေါင်းစည်းကြိုးကြီးပါသွားတယ် "
"အင်း တမင်ဝတ်ထားတာ "
"ဘာလုပ်ဖို့လဲ လူတွေရယ်ဦးမယ် "
"မင်းဆံပင်တွေကြောင့် ပူလာရင်ချည်ပေးလို့ရအောင် "
မြို့တော်ဝန်က ကားမှန်ထဲကျူးကျော်ဝင်နေတဲ့ရှောင်းကျန့်ပါးကိုအသာညှစ်ပြီးနောက်ဆုံးအကြိမ်နှုတ်ဆက်လိုက်တယ် ။
လုပ်သွားပြန်ပြီကွာ ။ စိတ်မငြိမ်တော့တဲ့ရှောင်းကျန့်က သစ်တုံးအလေးကြီးတွေထမ်းပြီးထင်းခွဲဖို့လုပ်တော့တယ် ။ ချွေးထွက်ပြီးပင်ပန်းတာတွေလုပ်ရင် စိတ်ငြိမ်သွားမယ်လို့သူယုံကြည်တယ် ။
. . .
ရှောင်းကျန့်တို့ကျောင်းပြန်တက်ရတော့ ဘက်စုံဘာသာရပ် ဒုတိယသင်တန်းတက်ရမဲ့အချိန်ပါလာပြန်တယ် ။ တနင်္လါနေ့ဟာ အတိုက်အခိုက်သင်တန်းဘက်သွားရမဲ့ရက်ပဲ ။ ဟုန်အာက လက်ကိုပတ်တီးတွေနဲ့စီးထားပြီး အတော်လေးခန့်ညားတဲ့ဝတ်စုံကိုဝတ်ထားတယ် ။ မျက်ရစ်တစ်ထပ်သာရှိတဲ့သူမက မျက်နှာတည်တည်နဲ့လျှောက်သွားတိုင်း လေထုကိုမီးတောက်သွားစေတယ် ။
"မိတ်ကပ်မလိမ်းရင်ပိုကြည့်ကောင်းတယ် "
ဟုန်အာက မျက်စိတစ်ဖက်မှိတ်ပြီး ကြည့်ကောင်းတဲ့ပုံစံကို ပိုကြိုးစားလိုက်တယ် ။
"အဲ့ဒါကနည်းနည်းများသွားပြီ "
ရင်ဘတ်ကော့ထားတဲ့ဟုန်အာက မိန်းကလေးနဲ့မတူအောင်ရယ်ချပြီး သူမဆံပင်တွေကိုပြင်စည်းလိုက်တယ် ။
"အမြဲအဲ့လိုလေးတစ်ခါလောက်ကြားဖူးချင်ခဲ့တာ ၊ ဒီအတိုင်း စစ်မှန်တဲ့ ဟုန်ဆိုတဲ့အမျိုးသမီးအစစ်က ကောင်းမွန်တယ်ဆိုတဲ့စကားကို... ကျေးဇူးပဲကော "
![](https://img.wattpad.com/cover/285198268-288-k655832.jpg)