-20-

11.1K 1.7K 58
                                    

ရှောင်းကျန့်ပြေးယူပေးထားတဲ့အမွှေးအိတ်လေးကို ကလေးလိုဖက်တွယ်ရင်းအိပ်ပျော်သွားတဲ့ မြို့တော်ဝန်ကိုသူငေးနေမိခဲ့တာကြာပြီ ။ သူ့ရှေ့မှာ ပွင့်လင်းလွန်းတယ်ထင်ရပေမဲ့လည်း အခုချိန်ထိ ဒီအမျိုးသားက သူ့ကိုယ်သူမိတ်ဆက်ပေးတာမျိုးမရှိခဲ့ဘူး ။

မင်းငိုရင်လှတယ် ။ မင်းပြုံးရင်ကြည့်ကောင်းသားပဲ ။ မင်းကနွေးထွေးတယ် ။ လိမ္မာတယ် ။ စွာတယ် ။

စတွေ့စဥ်ထဲက မင်းဘယ်သူလဲဆိုတဲ့မေးခွန်းနဲ့စခဲ့တဲ့ တွေ့ဆုံမှုမှာရှောင်းကျန့်ကသာဇာတ်လိုက်လို ။

မြို့တော်ဝန်ကဘာလို့.... ဆိုပြီးအစချီတဲ့မေးခွန်းတွေအများကြီးသူ့မှာရှိတယ် ။ မြို့တော်ဝန်နဲ့ပက်သတ်ရင် သူမြင်နေရတာတွေကတောင် အမှန်တရားမဟုတ်သလိုခံစားရသည် ။ တစ်စက္ကန့်အတွင်း ၊ မျက်တောင်တစ်ခတ်အတွင်းပြုံးရာကမဲ့သွားတတ်တဲ့ မြို့တော်ဝန်ကိုသူသေးသေးလေးတောင်မသိခဲ့သလိုပါပဲ ။

ရှောင်းကျန့်သက်ပြင်းချပြီး အချိန်ပြည့်သွားတဲ့သာမိုမီတာကိုထုတ်လိုက်တယ် ။ အဖျားကနည်းနည်းတော့ကျလာခဲ့ပြီ ။ မြို့တော်ဝန်ကိုနွေးထွေးအောင် စောင်ပြန်ခြုံပေးခဲ့ပြီး လဲထားတဲ့ချွေးစိုဝတ်တွေကိုတော့လျှော်ဖို့ရာသူသယ်ထုတ်လာခဲ့တယ် ။

"သား သခင်လေးဘယ်လိုနေလဲ "

"အခုထိမအိပ်သေးဘူးလား "

"ဘယ်လိုအိပ်ပျော်မှာလဲကွယ် "

"မြို့တော်ဝန်က ကောင်းတယ်မဟုတ်ပေမဲ့ မစိုးရိမ်ရတော့ဘူးလို့ထင်တယ် "

"ဒါတွေကဘာလဲ "

"မြို့တော်ဝန်ရဲ့ချွေးစိုဝတ်တွေ ၊ ချောင်တဲ့ချည်ထည်လေးတွေက ကျွန်တော်ချုပ်ပေးထားတာအပြင်ရှာမတွေ့လို့ အခုလျှော်ထားမှနောက်ရက်တွေဆက်လဲပေးလို့အဆင်ပြေမှာ "

"ညအိပ်ဝတ်စုံတွေလား "

"ဟုတ် "

"အင်း... ညဘက်တွေမအိပ်တော့လည်း ပေးပေး ဦးလေးလျှော်လိုက်မယ် "

"ရပါတယ် ကျွန်တော်လျှော်လိုက်မယ် သွေးတွေပေနေလားမစစ်ရသေးလို့ "

~ Tailor Xiao ~ ( အပ်ချုပ်သမားရှောင်း)Where stories live. Discover now