ရှောင်းကျန့်အိမ်ပြန်ရောက်တော့မျက်နှာပေါ်က အညိုကွက်ကိုကြည့်ပြီးလန့်သွားတယ် ။ ဒါဏ်ရာကမနာတော့ပေမဲ့ မြို့တော်ဝန်မြင်သွားရင် ဘာဖြစ်မလဲမသေချာ ။ သူသာအနိုင်ကျင့်ချင်ကျင့်မည် သူများထိရင်မကြိုက်တဲ့သူမလား ။
"သူလည်း ဒါဏ်ရာတွေချည်းပဲကို ဒီလောက်နဲ့သတိမထားမိလောက်ပါဘူး "
ရှောင်းကျန့်ဒါကိုတွေးမိပြီးစိတ်အေးသွားတယ် ။ စာကျက်နေတုန်း မြို့တော်ဝန်ပြန်ရောက်လာတော့သူပြေးကြိုလိုက်တယ် ။ ငယ်ငယ်ထဲကကျောင်းမသွားခင်နဲ့ကျောင်းပြန်ချိန်တွေ
အမေ့ကိုလိုက်ကူရတဲ့သူမို့ တစ်စုံတစ်ယောက်ရဲ့အိမ်ပြန်ချိန်ကို စောင့်ကြိုရတယ်ဆိုတာ မြို့တော်ဝန်ကပထမဦးဆုံးပါပဲ ။ နေ့တိုင်းပုံစံတူဖြတ်သန်းလာတာတောင် အချိန်ကြာလာလေ ထိုခံစားချက်ထဲနစ်ဝင်လာလေ ။မြို့တော်ဝန်ကပြုံးပြပြီးကားပေါ်ကဆင်းလာပေမဲ့အနားရောက်တာနဲ့ မျက်နှာကခက်ထန်သွားတယ် ။
"မျက်နှာက ဘာဖြစ်တာလဲ "
"ချော်... ချော်လဲတာလားလို့ "
လိမ်ပြောရတာမကျွမ်းကျင်သူမို့သူခေါင်းငုံ့ထားလိုက်တယ် ။
"လိမ်မနေနဲ့ဘယ်သူထိုးလိုက်လဲမေးနေတာ "
ရှောင်းကျန့်အလန့်တကြားမော့ကြည့်ပြီးတံတွေးမျိုချလိုက်တယ် ။ တကယ့်ဆွေကြီးမျိုးကြီးကောင်လေးတွေနဲ့ရန်ဖြစ်တာတောင် သူကြောက်စိတ်မဝင်ဘဲ အခုတော့လေသံမာမာအော်ခံရတာကို တုန်ယင်လို့လာသည် ။
"ဟို ကျောင်းကကောင်လေးတွေနဲ့ ရန်ဖြစ်ခဲ့တာ "
"မင်းပြန်ထိုးခဲ့လား "
"ဟင့်အင်း "
"ဘာလို့ပြန်မထိုးခဲ့တာလဲ "
အသံကျယ်နဲ့အော်လိုက်တော့ရှောင်းကျန့်ကိုယ်လေးတုန်သွားတယ် ။ ကြောက်တာအပြင်အလုပ်သမားတွေလည်းရှိနေတော့သူရှက်လာတယ် ။
"လူတွေနဲ့ကိုဒီမှာမဆူပါနဲ့လား "
"လိုက်ခဲ့ "
လိုက်ခဲ့ဟုဆိုပြီးဆွဲခေါ်သွားတာလည်း တရွတ်တိုက်မတတ် ။