-25-

10.8K 1.6K 66
                                    

စုန့်က မြို့တော်ဝန်ကိုပတ်တီးအသစ်လဲပေးရင်း စားပွဲပေါ်ကဓာတ်ပုံကိုကြည့်နေတယ် ။

"အဲ့ဒါ ဟော့စတန်အိမ်က ကလေးလား "

"ဟော့စတန်? "

"အင်း မြို့တော်ရဲ့အထင်ကရ ကုန်သည်မိသားစုပဲလေ ၊ တရုတ်လို ရှန် လို့ခေါ်ကြတယ်ထင်တယ် ၊ ပွေရှုပ်လိုက်တာမှ "

မြို့တော်ရဲ့မျက်နှာက အနည်းငယ်ယိုယွင်းလာတယ် ။

"ဒါကရှောင်းကျန့်ငယ်ငယ်ကပုံ မင်းဒီပုံကိုအဲ့အိမ်မှာမြင်ဖူးလို့လား "

"ရှောင်းကျန့်?  "

"မြင်ဖူးလား? "

"မဟုတ်ပါဘူး ဓာတ်ပုံပေါ်ကတံဆိပ်တုံးက ဟော့စတန်မျိုးရိုးရဲ့ သင်္ကေတလေ ၊ သူတို့မိသားစုဝင်တွေပုံရိုက်ရင်အဲ့တံဆိပ်တုံးအမြဲနှိပ်ကြတယ် "

နှစ်ယောက်စလုံးတိတ်ဆိတ်သွားပြီး စုန့်ကပတ်တီးကိုလက်စသပ်လိုက်တယ် ။

"ရှောင်းကျန့်မှာအဖေမရှိဘူးမလား "

"သေသွားပြီလို့ပြောတယ် သူငယ်ငယ်ကဟာတွေသေချာမမှတ်မိတဲ့ပုံပဲ "

"ရုပ်ရည်နဲ့ခွဲခြားလို့မရတာမှန်ပေမဲ့ ရှောင်းကျန့်မျက်နှာကသာမန်တော့မဟုတ်ဘူး စတွေ့တုန်းက သာမန်ဆင်းရဲသားကောင်လေးလို့ထင်ရက်စရာတောင်မရှိဘူးလေ ၊ ပြီးတော့မျက်နှာကလည်း သေချာတွေးကြည့်ရင် အနောက်တိုင်းသွေးစပ်ထားတယ်လို့ မထင်ရဘူးလား? ငါတော့ ရှောင်းကျန့်က ဟော့စတန်အိမ်နဲ့သက်ဆိုင်မယ်လို့ထင်တယ် "

"အဲ့လူကဘာလဲ "

"မြို့တော်ဝန်တင်းကိုမှတ်မိသေးလား (---) ပြည်နယ်ကလေ "

"အမှိုက်လိုကောင် "

"အင်း ..သူအမှုတွေမပေါ်ခင်က ဟော့စတန်ကသူ့ကိုအတော်လေးပံ့ပိုးခဲ့တာ ၊ လာဘ်ပေးလာဘ်ယူများလား ၊ ပြီးတော့ မိန်းမတအားပွေတယ် တရားဝင်မယူဘဲ တစ်နယ်မှာတစ်ယောက်ပတ်ထားနေတဲ့ပုံမျိုးပဲ ငါကြားဖူးသလောက် ငယ်ငယ်ကရုပ်ခံလည်းရှိတော့ ပိုဆိုးတယ်တဲ့ ၊ အမှိုက်လိုကောင် ဇက်ပြုတ်သွားမှ သူလည်းပျောက်သွားတာ "

~ Tailor Xiao ~ ( အပ်ချုပ်သမားရှောင်း)Where stories live. Discover now