ရှောင်းကျန့်တစ်ကိုယ်လုံးကတဆတ်ဆတ်တုန်ယင်နေတယ် ။ မြို့တော်ဝန်ရဲ့ကိုယ်ကိုမနိုင်မနင်းတွဲချီလာရတဲ့နောက်သူ့ခန္ဓာကိုယ်က ခွေယိုင်လုနီးပါး ။
သူ့လက်တွေကမြို့တော်ဝန်ရဲ့ကျောအောက်မှာပိနေတာမို့ ဆိုဖာပေါ်ကမထနိုင်ဘဲ မြို့တော်ဝန်အပေါ်မှာ ကုန်းကုန်းကြီးဖြစ်နေခဲ့သည် ။
"မြို့တော်ဝန် သတိထားပါဦး "
"ကျွန်တော်က တုံးတာသိတယ်မလား ဘာမှမလုပ်တတ်တာမို့မခြောက်ပါနဲ့ ကျွန်တော်ကြောက်တယ် မြို့တော်ဝန်ရဲ့ "
"မြို့တော်ဝန် ခဏလေးပဲသတိရလိုက်ပါ "
"နောက်ခါပြန်မပြောတော့ပါဘူး "
"စက်သေနတ်လို....စကားတွေဆက်တိုက်ပြောနေတော့တာပဲ "
မျက်တောင်ခတ်ရုံ ဖွင့်ဟနိုင်တဲ့မျက်ဝန်းတွေက နာကျင်မှုကို မမှုသလိုခပ်တင်းတင်း ။
"မြို့တော်ဝန် သတိရပြီလား.... ကျွန်တော့်လက်လေးထုတ်လို့ရအောင်နည်းနည်းကြွပေးပါလား ဒါဏ်ရာထိမှာစိုးလို့ "
မြို့တော်ဝန်က ရှောင်းကျန့်ကိုစူးစိုက်ကြည့်ရင်းမကြားသလိုပေကပ်နေတယ် ။
"မြို့တော်ဝန် "
"အိုး... အသံကစူးလိုက်တာ "
မျက်နှာမဲ့သွားတော့ ရှောင်းကျန့်စိုးရိမ်တကြီး ငုံ့ကြည့်လိုက်တယ် ။ သေလုမျောပါးလူမမာကို သူအနီးကပ်အော်နေမိတာပဲ ။ လက်ကိုကြိုးစားထုတ်ပြီး မြို့တော်ဝန်ရဲ့အဝတ်တွေကိုကြယ်သီးအမြန်ဖြုတ်ကြည့်လိုက်တယ် ။ သူချုပ်ပေးခဲ့တဲ့အဝတ်က အပေါ်ထပ်တင်ပိတ်စသုံးလွှာကပ်ချုပ်ပေးထားတာ ။ အတွင်းမှာသိုးမွှေးကော်ပိတ်စကပ်ထားတာမို့ သွေးတွေလျှံတက်လာတာက သွေးထွက်လွန်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။
ဒါဏ်ရာကိုမြင်လိုက်ရတဲ့အချိန်ရှောင်းကျန့်နောက်ပြန်လဲသွားခဲ့တယ် ။ ကြီးမားတဲ့အပေါက်ကြီးသုံးခုနဲ့ပဲ့ထွက်နေတဲ့အသားစတွေ ။
"ကျွန်တော်... ကျွန်တော်အိမ်ထိန်းကိုသွားခေါ်လိုက်မယ် "
"မသွားနဲ့ "