မြို့တော်ထဲမှာပွဲအကြီးကြီးတစ်ခုကျင်းပဖို့ရှိတယ် ။ လီယမ်ရဲ့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ ။ သတင်းစာတွေထဲမှာ ဟော့စတန်ရဲ့ဆက်ခံသူကိစ္စကပါ ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့သည် ။ ကျောင်းအုပ်အသစ်ပြောင်းလာပြီးထဲက
လီယမ်ငြိမ်ကျသွားခဲ့ပေမဲ့အကြောင်းအရင်းက ကျောင်းအုပ်မဟုတ်တာကိုရှောင်းကျန့်သိခဲ့ရတယ် ။"ငါမင်းကိုတကယ်သဘောကျတာရှောင်းကျန့် ငါ.. ငါမင်းအတွက်ဘာပဲလုပ်ပေးရပါစေ..."
ရှောင်းကျန့်တွေးထားတာကညီလေးအတွက် Surprise လေးတစ်ခုပါပဲ ။ အခုတော့...အခြေအနေတွေက ပိုပြီးပူနွေးလာပြီလို့ထင်တယ် ။ ရွှေပြားတွေ ၊ ရွှေကြိုးတွေပါတဲ့ ကလစ်တစ်ခုကိုဆံပင်ဘေးမှာကပ်ညပ်ရင်း
ရှောင်းကျန့်ပြုံးလိုက်တယ် ။"လှနေပါလားပေါင်ပေ့ "
"ဒီစတိုင်ကိုဘယ်သူခိုးဦးမလဲဆိုတာကြည့်ဦးမယ် .. ဟေး တင်ပါးကိုပဲအာရုံမစိုက်နေဘဲ ကျောက ကြိုးလေးကူဆွဲပေးပါလား "
"မင်းကသိပ်ပဲများလာတာပဲ "
"မဟုတ်ရင်? မြို့တော်ဝန်အတွက်ပဲအဝတ်တွေချုပ်ပေးပြီး အေပရွန်တကားကားနဲ့ပုံစံကိုမြင်ချင်တာလား "
"ဘာတွေမှမလိုပါဘူး အိပ်ယာပေါ်မှာ သာသာယာယာနဲ့ငိုနေရင်အဆင်ပြေ... ကိုယ့်အသားကိုမထိနဲ့နော် "
မြို့တော်ဝန်က သူ့ကိုနာကျင်အောင်လုပ်တဲ့ ရှောင်းကျန့်ပါးကို လက်နဲ့ခံလို့ Fake Slap ရိုက်ချရင်း တကယ်တမ်းမှာတော့အနမ်းတစ်ပွင့်သာပြေပြေပေးလာတာဖြစ်တယ် ။ လျှာဖျားကပါးကိုလျက်မိတဲ့အခါ သူမဲ့သွားတယ် ။
"မင်းမိတ်ကပ်တွေပါလိမ်းထားတာလား "
"အသားညီအောင် Cream ပါးပါးလူးရုံတင်ပါ လှတယ်မလား "
"အရသာကတကယ်ဆိုးတာပဲ "
"မိတ်ကပ်ကိုအရသာရှိအောင်လုပ်ထားမလား ပြောသမျှမဆီလျော်တဲ့ယောကျာ်းပဲ ရော့ ဒါလင်ပါနည်းနည်းလူးလိုက် အသားတွေမဲလာလိုက်တာ "
"ငိုပြီးပြေးတိုင်စရာကိစ္စတွေနည်းလာတော့ ကိုယ့်ကိုဒီလိုပြောတယ်ပေါ့ "