-13-

11.3K 1.8K 50
                                    

နှစ်ကူးဖို့နီးလာတော့ ရှောင်းကျန့်နဲ့ခင်မင်စပြုနေတဲ့ Maid အဒေါ်ကြီးတွေက အထုပ်သိမ်းပြီး အလုပ်ပါးတဲ့ရက်မှာ အိမ်အတွက် လက်ဆောင်သွားဝယ်ကြတယ်။ အိမ်ထိန်းကြီးက အနီရောင်စာအိတ်လေးတွေ ဝေပေးခဲ့တယ် ။ မြို့တော်ဝန်ပေးတဲ့နှစ်ကူးမုန့်ဖိုးတဲ့ ။ ရှောင်းကျန့်အရမ်းလိုချင်တာတော့မဟုတ်ပေမဲ့ မိမိတစ်ယောက်ထဲမရခဲ့တာမို့အနည်းငယ်စိတ်ထဲခုသွားတယ် ။

အိမ်မပြန်ရဘူး ။ မုန့်ဖိုးမရဘူး ။

"ဟမ့် မပေးရင်မယူဘူးပေါ့ "

ချုပ်ပြီးသွားတဲ့ Suit က သဘာဝဆိုးဆေးနဲ့အရောင်တင်ထားတဲ့ ရေညှိရောင်မှိုင်းမှိုင်းလေး ။ ရိုးရာဝတ်စုံဖြစ်တဲ့အပြင် သဘာဝကျတဲ့အရောင်လေးကြောင့် မြို့တော်ဝန်သာဝတ်လိုက်ရင် အတော်ကြည့်ကောင်းမှာ ။ ဝတ်စုံကိုစိုက်ကြည့်ရင်းရှောင်းကျန့်အပြုံးတွေမရပ်နိုင်ပါ ။ မြို့တော်ဝန်က နံမည်ကြီးဒီဇိုင်နာအဖွဲ့လိုက်ကိုကျော်ပြီး နှစ်ကူးဝတ်စုံအတွက်ရှောင်းကျန့်ကိုတာဝန်ပေးခဲ့သည် ။

"နှစ်ကူးမုန့်ဖိုးမရတော့ရောဘာဖြစ်သေးလဲ... ဒီအခွင့်အရေးရခဲ့သေးတာပဲ "

ရှောင်းကျန့်တွေးနေတုန်းကားသံကြားလိုက်ရတာမို့ အိမ်အောက်ထပ်ဆီအပြေးဆင်းလာတယ် ။ မြို့တော်ဝန်က သူ့မူပိုင်ပုံအတိုင်း အပေါ်ဝတ်တွေကိုလက်မှာခေါက်တင်ထားပြီး nectile ကိုလျော့ရဲရဲဆွဲချထားတယ်။ရှောင်းကျန့်ကိုမြင်တော့အဝတ်တွေ လက်လွှဲပေးသွားသတဲ့ ။

ဘာလုပ်ရမှာ?

အဝတ်တွေကိုငုံ့ကြည့်ရင်း အိမ်ထိန်းကိုမျက်စပစ်တော့ အိမ်ထိန်းကအသာပြုံးပြလာတယ်။

"ဟိုကောင်လေး ဘာရပ်လုပ်နေတာလဲ "

"ဗျာ "

မျက်လုံးသေတွေက စိတ်မရှည်သလိုစိုက်ကြည့်နေတာမို့သူခပ်ကုပ်ကုပ်လေးနောက်ကလိုက်သွားခဲ့တယ်။ မြို့တော်ဝန်ကသူ့ကိုအဝတ်ချွတ်ပေးစေချင်တာပဲ ။ ရေချိုးခန်းထဲဝင်သွားတော့ အိမ်နေရင်းဝမ်းဆက်ကိုထုတ်ပေးထားလိုက်တယ် ။

မြို့တော်ဝန်အခန်းကထင်ထားသလိုရိုးရိုးရှင်းရှင်းမဟုတ်ဘဲ ပန်းပုရုပ်ထုတွေအတော်များများရှိတယ် ။ ရုပ်ထုတိုင်းမှာဓားရာတွေကအစင်းလိုက် ။

~ Tailor Xiao ~ ( အပ်ချုပ်သမားရှောင်း)Where stories live. Discover now