အသားကိုင်နေတဲ့ရှောင်းကျန့်ကိုငေးရင်းမြို့တော်ဝန်မျက်နှာကပြုံးလာတယ် ။ ကောင်လေးကအင်္ကျီလက်ကို တံတောင်ထိခေါက်တင်ထားပြီး ဓားမတစ်ချောင်းနဲ့ ဝက်နံရိုးတွေကိုအပိုင်းပိုင်း ခုတ်ထစ်နေတာဖြစ်တယ် ။ အားပါပြီးကျွမ်းကျင်လှတဲ့ခုတ်ချက်တွေကြောင့်ဝက်နံရိုးတွေတိတိပပပျက်ထွက်သွားတဲ့မြင်ကွင်းက အားရနှစ်လိုဖွယ်ကောင်းလှတယ် ။
"မြို့တော်ဝန် "
"အင်း "
"အစပ်စားလားဗျ "
"မကြိုက်ဘူး... ဒါပေမဲ့စားနိုင်ပါတယ် "
ရှောင်းကျန့်ပျော်သွားပြီး အနီရောင်တောက်နေတဲ့ငရုတ်သီးတွေကိုလိုသလိုထုတ်ယူလိုက်တယ် ။ အစပ်အရသာပိုဝင်အောင် ငရုတ်သီးအစိုတွေကို လှီးဖြတ်ပြီးဝက်နံရိုးကိုထိုငရုတ်သီးတွေကြားမြှုပ်ထားလိုက်တယ် ။ အရသာတွေလိုသလောက်ထည့်ပြီးတဲ့အချိန် ပွက်ပွက်ဆူလာတဲ့ဟင်းအနှစ်ရည်ထဲ ငရုတ်သီးအခြောက်တွေအပုံလိုက်ထပ်ထည့်တယ် ။ ငရုတ်သီးအစိုကနူးညံ့အရည်ရွှမ်းပြီး ငရုတ်သီးအခြောက်ကတော့ အနှိုင်းမဲ့ခံစားချက်ကိုပေးတယ် ။ ဝက်နံရိုးထက်ငရုတ်သီးတွေကသူ့ကိုပိုထမင်းမြိန်စေမဲ့ဟင်းအမယ်။
"မြို့တော်ဝန် ကျွန်တော်တစ်ခုလောက်တောင်းဆိုကြည့်လို့ရမလား "
"ပြောလေ "
"ကျွန်တော်.... အိမ်ခဏပြန်လို့ရမလား ၊ အခုပြောတာမဟုတ်ပါဘူး... ခြောက်လတစ်နှစ်တန်ရင် မိသားစုကိုခဏလောက်တော့ ပြန်တွေ့ချင်လို့ "
မြို့တော်က စားပွဲကိုခေါက်နေရင်းမော့ကြည့်လာတယ် ။
"စိတ်ကူးမယဥ်နဲ့ မင်းအိမ်ကအခုရပ်နေတဲ့နေရာပဲ "
မြို့တော်ဝန်က အပြတ်ပြောပြီးတာနဲ့ ထွက်သွားခဲ့တယ် ။ အလိမ္မာနည်းနဲ့နှင်ထုတ်တိုင်းပေကပ်ထိုင်နေခဲ့တဲ့သူက ရှောင်းကျန့်အိမ်ပြန်မယ်ဆိုတဲ့စကားကိုဘယ်လောက်တောင်ခါးသီးနေခဲ့လဲမတွေးတတ် ။ ရှောင်းကျန့်ကြမ်းပြင်ပေါ်ထိုင်လိုက်ပြီးသက်ပြင်းငွေ့ငွေ့ချမိတယ် ။
သူ့အပေါ်ကောင်းရှာတယ်ဆိုပြီးတွေးလာမိတာတွေကအလကားပဲ ။ မြို့တော်မှာနေထိုင်တဲ့ အစိုးရအသိုင်းအဝိုင်းကအလုပ်သမားတွေအကုန်ခွင့်ရက်ရကြတာပဲ ။ အိမ်တော်ကြီးကအလုပ်သမားတွေကိုလည်းသူစပ်စုပြီးပြီ ။မိသားစုမရှိတဲ့ အိမ်ထိန်းကြီးကလွဲလျင်အကုန်လုံးနေ့ထူးနေ့မြတ်တွေမှာအိမ်ပြန်ခွင့်ရှိသည် ။
