-21-

11K 1.6K 51
                                    

တံခါးခေါက်တာဆယ့်သုံးချက်မြောက် ။ ပုံမှန်အားဖြင့်အခန်းရှေ့လူရောက်တာနဲ့တန်းသိတတ်တဲ့သခင်ငယ်လေးက တံခါးဆယ့်သုံးချက်အထိခေါက်တာတောင် တုံ့ပြန်မှုပေးမလာတော့ အိမ်တော်ထိန်းအိုကြီးက စိုးရိမ်လာတယ် ။ တံခါးကိုအရဲတင်းတင်းနဲ့ဖွင့်ကြည့်လိုက်တော့အချင်းချင်းထွေးဖက်အိပ်ပျော်နေတဲ့ ကောင်လေးနှစ်ယောက် ။ သခင်လေးရဲ့ခါးပေါ်က လက်ကလေးတွေသာမတွေ့ရရင် ရှောင်းကျန့်ရှိနေမှန်းသူမရိပ်မိနိုင်ပါ ။ သခင်ငယ်ရဲ့ရင်ခွင်ထဲကောင်လေးက မြုပ်နေတော့ဒါဏ်ရာတွေအတွက်စိတ်ပူသွားပေမဲ့ အိပ်ပျော်နေတဲ့သခင်လေးကိုနိုးသွားအောင်သူမလုပ်ရက်ပေ ။

"သူ့အတွက်မနက်စာပြင်ပေးထားပါ "

"နိုးသွားတာလား အလကားသက်သက်ဝင်လာမိပြီ "

"ရပါတယ် ကျွန်တော်ညထဲကအခုထိအိပ်နေတာ "

မို့အစ်ပြီးပြည့်တင်းနေတဲ့မျက်နှာနဲ့ထလာတဲ့သခင်လေးကိုကြည့်ရင်း အိမ်တော်ထိန်းက အတော်လေးကြည်နူးသွားတယ် ။ သခင်လေးရဲ့အိပ်ရေးဝနေတဲ့မျက်နှာကိုမြင်ဖူးတာဒါပထမဆုံးပဲမဟုတ်ပါလား ။

"ကျွန်တော်အဲ့လောက်တောင်ကြည့်ကောင်းလား"

ပြုံးပြုံးလေးမေးလာတော့ အိမ်တော်ထိန်းကမျက်ရည်ဝဲရတယ် ။ သာမန်လူတစ်ယောက်လိုပြုံးရယ်ပြီးစကားပြောတတ်တဲ့ ဒီပုံစံလေး ။

" သခင်လေးကသေချာပေါက်အချောဆုံးပဲပေါ့... ခဏမှိန်းနေပါဦး ရှောင်းကျန့်အတွက်မနက်စာနဲ့ သခင်လေးအတွက်ဆန်ပြုတ်သွားပြုတ်လိုက်မယ် "

"ကျေးဇူးတင်ပါတယ် "

အခန်းတံခါးပြန်စေ့ပိတ်သွားတော့ မြို့တော်ဝန်ကသူ့လက်ကိုခေါင်းအုံးပြီးအိပ်နေတဲ့ကောင်လေးဆီပြန်ငုံ့ကြည့်လိုက်တယ် ။သူနိုးသွားမှာစိုးလို့ စကားတိုးတိုးပြောခဲ့ပေမဲ့ ပုံစံကြည့်ရတာ အကျယ်ကြီးပြောရင်တောင် နိုးမဲ့ပုံမရှိ ။

"အလကားသက်သက်စိတ်ပူနေခဲ့တာပဲ "

နှာခေါင်းကိုအသာဆွဲညှစ်လိုက်တော့ ရှုံ့မဲ့သွားတဲ့မျက်နှာလေးကအတော်ရုပ်ဆိုးတယ် ။ မြို့တော်ဝန်ကထိုမျက်နှာကိုသဘောကျလွန်းလို့ ဓာတ်ပုံရိုက်ထားပြီး စိတ်အခန့်မသင့်တိုင်းထုတ်ကြည့်ချင်စိတ်ဖြစ်မိတယ် ။

~ Tailor Xiao ~ ( အပ်ချုပ်သမားရှောင်း)Where stories live. Discover now