ရှောင်းကျန့်ကအချိန်တိုအတွင်းမြို့တော်မှာလူသိများလာတယ် ။
"အဲ့လူကိုဒုက္ခပေးရင်... ကျွန်တော်ငြိမ်နေမှာမဟုတ်ဘူး "
"ဒယ်ဒီကသာ သားအဖေအရင်းပါ "
"အင်း... သူကပထွေးပဲ "
ပထွေးဆိုတဲ့နာမက အဖေထက်ကောင်းမွန်တဲ့ဖွင့်ဆိုချက်သူ့မှာရှိတယ် ။ ထိုလူကလေးစားမြတ်နိုးဖို့ကောင်းတဲ့ သူ့ပထွေးပဲ ။ ပွေရှုပ်ပြီး ရွံရှာဖို့ကောင်းတဲ့အဖေမဟုတ်ခဲ့ပေ ။
. . .
ပြဿနာတွေဖြစ်ပြီးအမှန်တရားကိုလူတွေသိသွားခဲ့ပြီမို့ ရှောင်းကျန့်အနေနဲ့ဟော့စတန်လုပ်ငန်းစုတွေကိုလည်းရှောင်လွှဲဖို့မဖြစ်နိုင်တော့ပေ ။ ဒါပေမဲ့တတ်နိုင်သမျှတော့ ဟော့စတန်ရဲ့စီးပွားရေးတွေထဲသူရှုပ်ရှုပ်ရှက်ရှက်ဝင်မပါချင် ။သူလက်လွှဲပေးချင်တဲ့ ဟုန်အာကိုဂိုက်တွေငှားပေးပြီး မျက်နှာပွင့်အောင်သူကြိုးစားနေရတယ် ။ ခက်တာက မကောင်းတဲ့ညီမလေးက အစ်ကိုကိုရှာတွေ့တဲ့အခါပိုလို့တောင်ဆိုးလာတယ် ။ အရင်ကတစ်ယောက်ထဲရှင်သန်နိုင်ဖို့ရင့်ကျက်တဲ့အမျိုးသမီးပုံဖမ်းခဲ့သမျှ အခုဆိုရှောင်းကျန့်ခြေထောက်ဖက်ငိုဖို့ပဲသိတော့တယ် ။ ငိုယိုပြီးဂျီကျနေတဲ့ကလေးမကိုသူဆူလိုက်ပြီးဒေါသပြေအောင်ရေမော့သောက်လိုက်တယ် ။
"ဘာတွေစိတ်တိုနေတာလဲ မင်းနဲ့တူတာလေ "
ကုဗတုံးကိုလှည့်ဆော့ရင်း မြို့တော်ဝန်ကငြိမ်သက်သွားခါနီးဒေါသလေးကို မလှုပ်တလှုပ်ဆွတယ် ။
"ကျွန်တော်ငိုချင်ငိုမယ် ဂျီကျချင်ကျမယ် ငိုပြီးမဂျီဘူး "
"ဟုတ်လို့လား "
"အိပ်ယာပေါ်ကဟာလာမပြောနဲ့မတူဘူး "
"အဟက် "
"ဒါနဲ့... ကလေးလိုချင်လား "
မြို့တော်ဝန်က သူ့နားကပ်လာတဲ့ရှောင်းကျန့်နားခိုစရာရင်ခွင်ကျယ်ကိုဖွင့်ပေးထားရင်းခေါင်းခါတယ် ။
"မသိရင်မွေးပေးနိုင်တာကျနေတာပဲ.. မင်းလည်းမွေးမရဘူး ၊ ကိုယ်လည်းမွေးမရဘူး မေးမနေနဲ့ "