-73-

7K 1K 18
                                    

ရုံးကိုရောက်တော့ ဟော့စတန်နဲ့အတူ လီယမ်ကိုပါတွေ့လိုက်ရတာမို့ရှောင်းကျန့်ကျက်သရေစတုံးတယ် ။

"ဟောသားကြီးရောက်လာပြီ "

"သားကြီး?  အဟက် "

ဟော့စတန်က သူ့အကွက်ကိုတန်းဖော်ခံလိုက်ရတာမို့ အပြုံးတွေလျော့ရဲသွားတယ် ။

"သားညီပြန်ရောက်လာပြီဆိုတော့ ညီအစ်ကိုနှစ်ယောက်အတူလက်တွဲလုပ်ကြစေချင်တယ် "

လီယမ်ရဲ့မိခင်နောက်ခံကနောက်စရာမဟုတ်မှန်းသူသိထားတာမို့ ဟော့စတန်သည်လိုမပြတ်သားနိုင်ဘူးဆိုတာသူကြိုတွက်မိထားတယ် ။

"သားငယ်က သားကြီးရဲ့လက်ထောက်ရာထူးပဲလုပ်ချင်တယ်တဲ့ "

"အနီးကပ်စောင့်ကြည့်ချင်တယ်ပေါ့ "

"သား "

"ကျွန်တော်သိပြီ အခုလောလောဆယ်ထွက်သွားပေးလို့ရမလား ကျွန်တော်အလုပ်စောစောဖြတ်ချင်လို့ "

"အဲ့ဒါဆိုမနက်ဖြန်လီယမ့်အတွက်စားပွဲတစ်လုံးကို သားအခန်းရှေ့ပြင်လိုက်မယ်နော် "

ရှောင်းကျန့်ပခုံးတွန့်ပြပြီး ဖိုင်တွေကိုလှန်လိုက်တယ် ။ လီယမ်က စကားတစ်ခွန်းမျှဝင်မပြောဘဲသူ့ကိုခပ်ပြုံးပြုံးသာနှုတ်ဆက်သွားတယ် ။ သူတို့ထွက်သွားတာနဲ့ ရှောင်းကျန့်မိတ်ဆွေကိုဖုန်းဆက်ပြီး လျှို့ဝှက်ကင်မရာမှာယူလိုက်တယ် ။

မင်းဘာအကွက်တွေရွှေ့မလဲမသိပေမဲ့ ငါကတော့နောက်တစ်ကြိမ်ထပ်ရိုက်ချဦးမှာပဲ ။

. . .

တစ်ပါတ်မှာသုံးရက်သာတက်ရတဲ့အလုပ်ကိုလေးရက်အချိန်ပိုယူပြီးရုံးချိန်အတွင်းအလုပ်တွေဖြတ်တယ် ။ သူ့ကိုယ်ပိုင် ဝတ်စုံ Company ကိုစီမံရာမှာလည်းဝန်ထမ်းတွေရဲ့လုပ်အားကိုပိုအသုံးချခဲ့တယ် ။ မြို့တော်ဝန်နားရက်မျိုးအလုပ်ပေါ်လာရင် အကုန်လုံးကိုအိမ်ခေါ်ပြီးမြို့တော်ဝန် မျက်စိရှေ့မှာတင် သူအလုပ်လုပ်တယ် ။ မြို့တော်ဝန်က ဒါကိုသဘောကျပုံရတယ် ။

နှစ်ယောက်လုံးအနားရတဲ့ရက်တွေမှာ... လက်ဝှေ့ထိုးသတ်ပုတ်ကြရင်းကြိုးစင်ထဲမှာတင် လုပ်ဖြစ်ကျတာတွေကလည်းမနည်း ။ ရှောင်းကျန့်ဘဝကိုဟန်ချက်ညီညီထိန်းသိမ်းတတ်လာတယ် ။

~ Tailor Xiao ~ ( အပ်ချုပ်သမားရှောင်း)Where stories live. Discover now