ဆေးတွေအကွက်လိုက်ပွန်းနေတဲ့ မိုးပြာရောင်စက်ဘီးကို မြို့တော်ဝန်ကမသတီပေမဲ့ တိတ်တဆိတ်တက်နင်းလိုက်တယ် ။ ခြေထောက်တွေကိုဖြန့်ကားရင်း နောက်ကလိုက်လာတဲ့ရှောင်းကျန့်က တွေ့သမျှကိုရှင်းပြနေတယ် ။ လေ့လာဖို့လိုတဲ့နေရာတွေရောက်ရင် စက်ဘီးဒေါက်ထောက်ရပ်ပြီး မှတ်တမ်းတင်တယ် ။
(...) စီရင်စုနဲ့ခြားထားတဲ့ မြစ်လက်တက်ခွဲကိုရောက်တော့ လှေဆိပ်မှာလူတွေနဲ့စည်ကားလျက်ရှိတယ် ။ မြို့တော်ဝန်က သူမှတ်တမ်းတင်စရာရှိတာတင်ပြီး ချွေးထွက်လွန်နေတဲ့ရှောင်းကျန့်ကိုသစ်ပင်ရိပ်အောက်မှာထိုင်ခိုင်းထားတယ် ။
"ကျွန်တော့်ကိုအအေးတစ်ပုလင်းလောက်ဝယ်တိုက်ပါလား "
လမ်းဘေးစျေးသည်တွေဆီမြို့တော်ဝန်ကကြည့်လိုက်ပြီး မသတီတဲ့မျက်လုံးတွေကသိသိသာသာ ။ လူတေွအပေါ်အကောင်းဆုံးအုပ်ချုပ်ခဲ့ပေမဲ့ အရွံလွယ်တဲ့စိတ်ကိုတော့ထိန်းချုပ်ရခက်နေပုံပါပဲ ။
"ကျွန်တော်သွားဝယ်လိုက်မယ် ခဏစောင့် "
"ရတယ်ထိုင်နေ "
မြို့တော်ဝန်က လူကြားထဲထင်းထွက်နေတဲ့ပုံစံနဲ့ လမ်းဘေးစျေးသည်တွေရှိနေတဲ့နေရာဆီသွားပြီး အအေးအချို့ဝယ်လာတယ် ။
"ဘယ်တစ်ခုမှန်းမသိလို့ "
"အကုန်ကြိုက်တယ် "
အအေးဘူးကိုတစ်ချက်လှည့်လိုက်ပေမဲ့ပွင့်မလာ ။ အားအကုန်သုံးနေတဲ့ရှောင်းကျန့်ပုံရိပ်ကအတော်လေးအခက်တွေ့နေဟန်ရတယ် ။ မြို့တော်ဝန်ကလှမ်းယူလိုက်ပြီး အားနဲ့ဖွင့်မှသာအဖုံးဖွင့်လို့ရသွားခဲ့တယ် ။
"သောက်ကြည့်ပါလား "
ရှောင်းကျန့်သောက်လက်စအအေးဘူးကိုဝေ့ဝဲပြတော့ မြို့တော်ဝန်ကစိုက်ကြည့်နေပြီး နောက်ဆုံးယူသောက်လိုက်တယ် ။
"တကယ်သောက်တာပဲ "
"အရသာရှိသားပဲ သိပ်မချိုဘူး "
"မြို့တော်ဝန် "
"အင်း "
"ကျွန်တော် တစ်ခုလောက်မေးလို့ရလား "