ကျောင်းအုပ်ရုံခန်းထဲရှောင်းကျန့်ရဲ့ တည်ငြိမ်ပြတ်သားတဲ့အသံသာထွက်ပေါ်နေတယ် ။
"မျိုးရိုးနဲ့အဆင့်အတန်းဆိုတာ ဒီကျောင်းသားတွေကြားမှာမရှိဘူး ဆရာမ ၊ သူတို့ကသူတို့အနာဂါတ်ရွေးချယ်ရမဲ့သူတွေ သူတို့အနာဂါတ်ကတိုင်းပြည်ရဲ့အနာဂါတ်ပဲ ၊ သာမန်ကျောင်းသားတစ်ယောက်ရဲ့တောင်းဆိုမှုက အခြားကျောင်းသားတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကိုဒီလိုသက်ရောက်မှုဖြစ်စေတာ လက်ခံနိုင်စရာကိုမရှိပါဘူး ၊ သူဒီပြပွဲမှာပါဝင်ဖို့သင့်တော်လားမသင့်တော်ဘူးလားဆိုတာ သူ့အရည်အချင်းနဲ့ပဲဆုံးဖြတ်ရမှာ ဂီတမှုးကိုယ်တိုင်ကလည်းသူ့ကိုထိုက်တန်တဲ့အခွင့်အရေးပေးထားပြီးပြီ ၊ ဒါကို အကြောင်းပြချက်မရှိထုတ်ပယ်လိုက်တယ်ဆိုတာကိုကျွန်တော်နားမလည်နိုင်သလို သူ့နောက်ခံအရှုပ်အရှင်းဆိုတဲ့ အကြောင်းပြချက်ကိုလည်းလုံးဝလက်မခံနိုင်ပါဘူး ၊ ပွဲက တစ်ပုဂ္ဂိုလ်ကိုယ်ပိုင်စီစဥ်တဲ့ပွဲမဟုတ်ဘဲ ကျောင်းကစီစဥ်တဲ့ပွဲပါ "
"မင်းသိပ်ရိုင်းတာပဲ မင်းအဆင့်နဲ့ငါ့ကိုဒီလိုတစ်ခွန်းမကျန်ပြောဆိုရဲတယ်ပေါ့ ၊ မင်းကဆရာလားငါကဆရာလား "
"ကျွန်တော်နောက်ငါးနှစ်လောက်ကျောင်းဆက်တက်ပြီးရင် ဆရာတစ်ယောက်ဖြစ်လာနိုင်တာပဲ ဆရာမကိုယ်တိုင်လည်းဒီကျောင်းဝတ်စုံဝတ်ထားတဲ့ကျောင်းသူဘဝကနေဆရာတစ်ယောက်ဖြစ်လာတာပဲလေ ဒါကိုအဆင့်တစ်ခုလို့ဆရာမထင်တာလား? ၊ ပြီးတော့ကျွန်တော်ဂီတဘာသာရပ်ကိုမယူထားဘူး ၊ ကျွန်တော်ဒီနေရာမှာရှိနေတာကလည်း စာလာသင်တာမဟုတ်ဘူး ကျောင်းသားကိုယ်စားလှယ်အနေနဲ့ ကျောင်းသားတွေရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ပဲ အဲ့အတွက်ကျွန်တော့်ပြဿနာကိုပြောဖို့လိုတယ် "
"မင်းလိုအဆင့်အတန်းမရှိတဲ့ကောင်ကငါ့ကိုဒီလိုစိုက်ကြည့်ဖို့တောင်မတန်ဘူး မျိုးမစစ်လေး "
"ယွီထုံ... ကျောင်းသားကိုဘယ်လိုစကားမျိုးပြောနေတာလဲ "
"ပါး... သူကသိပ်ရိုင်းနေတာလေ ၊ သူ့အဆင့်နဲ့သမီးကို ပြောဆိုနေတာကြည့်ပါဦး ၊ ပါး သူ့ကိုချက်ချင်းကျောင်းထုတ်ပြီး သင်ခန်းစာကောင်းကောင်းပေးသင့်တယ် "