-47-

10.2K 1.3K 30
                                    

အိပ်ရေးမဝသေးတဲ့မျက်နှာနဲ့ Necktie စည်းပေးနေတဲ့ ရှောင်းကျန့်ကို မြို့တော်ဝန်ကအချစ်သည်းတဲ့ပုံနဲ့ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ် ။ ကြီးမှချစ်ရတဲ့အချစ်ဦးမို့သူ့မှရူးရူးမူးမူးဝက်သက်ပေါက်နေရ၏ ။ ရှောင်းကျန့်ခြေဖျားတွေ ကြမ်းပြင်ပေါ်ကလွတ်သွားပြီး ခါးတစ်ခွင်ကဝါးပင်လိုမြို့တော်ဝန်လက်တွေအောက်ကော့ညွတ်နေရတယ် ။ မျက်နှာအနှံ့တဖွဖွနမ်းရင်းမြို့တော်ဝန်က အခန်းထဲမှမထွက်နိုင်အောင်ဖြစ်ပျက်နေသည် ။

"ကျောင်းပိတ်ရက်ကျရင် စျေးဝယ်လေးဘာလေးထွက်ပြီး ပျော်ပျော်နေနော် "

"ကျွန်တော်က မြို့တော်ဝန်ကိုထိုင်လွမ်းနေချင်တာ "

ချည်သားဘောင်းဘီအောက်က ပြည့်ဝန်းနေတဲ့တင်ပါးလုံးလေးတွေကို အားမရစွာညှစ်ရင်း မြို့တော်ဝန်ကသက်ပြင်းချလိုက်တယ် ။

"ညကမအိပ်ဘဲပိုလုပ်ခဲ့ရမှာနော် ကျွန်တော်ပြောပါတယ်  "

"တော်တော့ ကိုယ်လမ်းမှာအဆင်မပြေဖြစ်နေ
လိမ့်မယ် "

အကြံဆိုးနဲ့ရှောင်းကျန့်ကသူ့အစီအစဥ်အောင်မြင်သွားတော့အော်ရယ်လိုက်တယ် ။ မျက်အိတ်လေးတွေမို့တက်လာတဲ့ မြို့တော်ဝန်ကခပ်ဖွဖွနမ်းလိုက်တယ် ။

"ပိတ်ရက်ကျရင် မင်း... "

"ဒါလင်.. မင်းဆိုတာကိုပြင် "

"အင်းပါ ဘေးဘေ "

"ဆက်ပြောလို့ရပြီ "

"ပိတ်ရက်ကျရင် တစ်ခုခုလုပ်မယ်ဆိုကို့ယ့်ကို​ဖုန်းဆက်ပြီးမှသွားနော် "

"အင်းပါ "

"ကိုယ့်ကိုနမ်းပါဦး "

နှုတ်ဆမ်းအနမ်းခပ်ကြာကြာနမ်းပြီး မြို့တော်ဝန်ရဲ့ကားနားထိသူလိုက်ပို့ပေးလိုက်တယ် ။ သည်တစ်ကြိမ်တော့မြို့တော်ဝန်က ခေါင်းမမာဘဲသူ့ရဲ့အထူးကိုယ်ရံတော်တပ်ဖွဲ့နဲ့ထွက်ခွာသွားခဲ့သည် ။

. . .

အဝါရောင်ဖျော့ဖျော့ မိုးကာအနွေးထည်အောက်အဖြူရောင်ဝမ်းဆက်နဲ့ရှောင်းကျန့်က ကလေးဆန်ဆန်တောက်ပနေတယ် ။ ဟုန်အာရဲ့အိမ်ရှေ့ရောက်တော့ ခေါင်မိုးပေါ်ကအုပ်ကြွပ်ပြားတွေတက်လဲနေတဲ့ဟုန်အာက သူ့ကိုမြင်ပုံမရ ။

~ Tailor Xiao ~ ( အပ်ချုပ်သမားရှောင်း)Where stories live. Discover now