မှန်ရှေ့ရပ်ရင်း အသံပြဲနဲ့ထအော်တဲ့ ရှောင်းကျန့်ကြောင့် အိမ်တော်ထိန်းကအလန့်တကြားပြေးလာတယ် ။
"ကျွန်တော်ရုပ်ဆိုးသွားပြီ ဒါကဘာလဲကွာ "
"ဆံပင်ညှပ်လိုက်တာလား? "
အိမ်တော်ထိန်းမေးခွန်းက ရိုးရှင်းပေမဲ့
ရှောင်းကျန့်ရဲ့ငိုသံကပိုကျယ်လာတယ် ။ နှာခေါင်းထိပ်တွေနီရဲလာတဲ့အထိအော်ငိုနေတဲ့ရှောင်းကျန့်ကိုမြို့တော်ဝန်က လှမ်းဟောက်ပစ်ချင်နေပြီ ။ ဒါပေမဲ့ကတိစကားကရှိနေတော့သူမအော်ရဲ ။"ကျွန်တော့်ဆံပင်ပြန်လုပ်ပေး "
"ကြည့်ကောင်းနေတဲ့ဟာကို... ဆံပင်ညှပ်လို့
အော်ငိုရအောင်ကလေးလား ""မြို့တော်ဝန်ဘာသာ ကိုယ့်အမွှေးကိုယ်ထိုင်ညှပ်ပါလား သူများဆံပင်ကိုဘာလို့လာညှပ်တာလဲ "
"လိုက်ပါတယ် ရှောင်းကျန့်ရဲ့ ခုခေတ်လူငယ်တွေအကုန် Mullet ကေထားနေကြတာ...အများကြီးမြင်ခဲ့ဖူးခဲ့ပေမဲ့ ရှောင်းကျန့်နဲ့ကအလိုက်ဆုံးပဲ "
စုန့်ကဝင်ဖြန်ဖျေပေးပေမဲ့ စုန့်ပြောတာကိုရှောင်းကျန့်ကမသိ။
"ဘာ ကေ? "
"ဘာကေဖြစ်ဖြစ် ငိုတာရပ်တော့ ကိုယ်နားအူနေပြီ "
"မြို့တော်ဝန်ဘာလို့ညှပ်ပစ်လဲ "
အော်သံက အိမ်ကွဲလောက်တာမို့ အခန်းထဲကလူသုံးယောက်လုံးနားပိတ်လိုက်ရတယ် ။
"သူစိမ်းတွေရှိနေတာ မရှက်ဘူးလား "
"ဒီခေါင်းကြီးကိုကအရှက်ကွဲနေပြီလေ "
"လှပါတယ်သားရယ်အရင်ကထက်စာရင် "
ရှောင်းကျန့်ကော်ဇောပေါ်ထိုင်ချပြီး ဒူးထဲမျက်နှာဝှက်လို့ဆက်ငိုနေမိတယ် ။ သူဆင်းဆင်းရဲရဲနေနိုင်တယ် ။ဆေးလည်းထိုးရမယ်ဆိုသည်းခံလိုက်မယ် ။ ဆံပင်ညှပ်ရမှာတော့သူ့အားနည်းချက်ပဲ ။
. . .
စုန့်ပြန်သွားတာနဲ့ မြို့တော်ဝန်ကရှောင်းကျန့်ကို
အိမ်အနှံ့ပတ်ရှာတယ် ။ ခုနကတည်းကပျောက်သွားတာအသံတောင်မကြားရ ။ နောက်ဆုံးတော့သစ်ပင်အောက်မှိုင်နေတဲ့ကောင်လေးကိုသူတွေ့လိုက်တယ် ။
![](https://img.wattpad.com/cover/285198268-288-k655832.jpg)