-48-

9.4K 1.3K 106
                                    

ပြည့်တင်းလာတဲ့ ညီမလေးရဲ့ပါးကိုမွှေးမွှေးကြူရင်း သူမ စိတ်ကောက်လာအောင်သူစနေလိုက်တယ် ။ ညီမလေးက အမြဲတစေဖျားနာနေတတ်ပြီး စိတ်ဖောက်သွားတတ်တာကြောင့် သူစချင်တိုင်းမစခဲ့ရပေမဲ့ ယခုတော့သူ့ဆန္ဒတွေပြည့်ဝလာပြီ ။

"ကိုကို့ "

ညီမလေးရဲ့ပါးကိုဆွဲညှစ်ပြီးအိပ်ယာပေါ်ကနေသူဆင်းပြေးလိုက်တယ် ။ ကုန်းရုန်းထလိုက်တာတဲ့ညီမလေးရဲ့ ခြေထောက်တွေကိုကြည့်ရင်းသူ့ရင်ဘတ်ကခုန်ပေါက်လာတယ် ။

ခြေလှမ်းလေးလှမ်းလျှောက်ပြီး လမ်းမှာနားနေတဲ့ညီမလေးကိုသူဆီးကြိုလို့လက်ကမ်းထားတယ် ။

"မမတို့ ကောဆီဘယ်သူအရင်ရောက်မလဲဆိုတာပြိုင်မလား "

ဟုန်အာက သူမရဲ့ကျောက်ပတ်တီးစီးထားတဲ့ခြေထောက်ကိုထုတ်ပြရင်းစိန်ခေါ်တယ် ။

"အင်း "

ပြိုင်ပွဲစတာနဲ့ ရှောင်းကျန့်ဆီ ကြိုးစားပြီးလမ်းလျှောက်လာတဲ့ညီမလေးနှစ်ယောက် ။
ဟုန်အာကအလျှော့ပေးပြီး ခပ်ဖြည်းဖြည်းလှမ်းနေတယ် ။ သူမခြေထောက်တွေကလည်း အခြေအနေမကောင်းတာမို့ တမင်အလျှော့ပေးတဲ့ပုံမပေါက် ။

ညီမလေးကရှောင်းကျန့်ရင်ခွင်ထဲဦးစွာရောက်လာတာမို့ ချီပွေ့ပြီးနမ်းလိုက်တယ် ။ ဟုန်အာပါရောက်လာတော့အတူပွေ့ထားရင်း ဆေးရုံခန်းလေးက ပျော်စရာတွေနဲ့ပြည့်နှက်သွားခဲ့သည် ။

ညနေစောင်းတော့ လူနာစောင့်လုပ်မဲ့မေမေကရောက်လာပြီးရှောင်းကျန့်ကိုတွေ့သွားတယ် ။

"ကြိုလည်းမပြောဘူးသားရယ်... ဖုန်းဆက်ခေါ်လိုက်ရင်ပြီးရော "

"နားနေတဲ့အချိန်လေးကိုဘာလို့ခေါ်ရမလဲမားရဲ့... ဦးလေးရော? "

"အလုပ်ကပြန်မလာသေးဘူး "

မေမေက ငယ်ငယ်ကလိုအလှသွေးပြန်ကြွယ်လာပြီး အဝတ်အစားသစ်တွေက သူမရဲ့နူးညံ့တဲ့သွင်ပြင်နဲ့လိုက်ဖက်လှသည် ။

"ဒီကလေးလေးက? "

"ဟုတ်သားပဲမေ့နေတာ... ဟုန်အာ လာခဲ့ "

သူ့နောက်မှာပုန်းနေတဲ့ဟုန်အာကိုဆွဲခေါ်လိုက်ပြီး မေမေ့ရှေ့မှာပြလိုက်တယ် ။

~ Tailor Xiao ~ ( အပ်ချုပ်သမားရှောင်း)Where stories live. Discover now