မြို့တော်ဝန်က စီမံကိန်းအတွက်တစ်ဖုံ ၊ အမှုကိစ္စအတွက်တစ်ဖုံ အလုပ်များနေတာမို့ ရှောင်းကျန့်အတော်လေးပျင်းနေတယ် ။ အလုပ်သမားတွေပြန်ရောက်လာကြပြီမို့ရှောင်းကျန့်အပြင်သိပ်မထွက်ဖြစ်တော့ ။
မြို့တော်ဝန်ကသူ့အတွက်ဖုန်းတစ်လုံးလက်ဆောင်ပေးခဲ့တယ် ။ ရှောင်းကျန့်ဖုန်းပွတ်နေရင်း ဆေးရုံကပေးထားတဲ့ ဖုန်းကိုဆက်လိုက်တယ် ။ မြို့တော်ဝန်က စုန့်ကိုမေးပြီးနံပါတ်ထည့်ပေးခဲ့တာ ။ နံပါတ်တစ် Contact က မြို့တော်ဝန်ဖြစ်ပြီး နံပါတ်နှစ်ကတော့ဆေးရုံဖုန်းပေါ့ ။
ဖုန်းကိုင်တာက ပထွေးဖြစ်ပြီးသူ့အသံက အစဥ်အမြဲနွေးထွေးနေတော့တာပါပဲ ။
"နေကောင်းရဲ့လား "
"အင်းအများကြီးသက်သာလာပြီ ၊ အခုလမ်းတောင်ပြန်လျှောက်နေပြီ "
"ကောင်းတာပေါ့ ကျွန်တော်ခွင့်ရရင်လာတွေ့ပါ့မယ် "
"သားရောအဆင်ပြေရဲ့လား "
"ပြေတာပေါ့ အရမ်းပြေတယ် "
သက်ပြင်းချသံက လေးလေးပင်ပင်ထွက်လာပြီး တောင်းပန်ပါတယ်တစ်ခွန်းနဲ့ မေမေ့ဆီဖုန်းလွှဲပေးရှာတယ် ။ အိပ်ယာပေါ်လဲသွားကတည်းက တောင်းပန်ပါတယ်ဆိုတာကို အကြိမ်ကြိမ်ပြောတတ်ခဲ့တာမို့သူမထူးဆန်းတော့ ။
မေမေနဲ့ထွေရာလေးပါးပြောပြီးသူဖုန်းချလိုက်တယ် ။ ဖုန်းသိပ်မကိုင်တတ်သေးတာမို့မြို့တော်ဝန်သင်ပေးထားတဲ့နေရာတွေကလွဲရင်သူမထိရဲပေ ။ ချုပ်လက်စအဝတ်ကိုဆက်ချုပ်နေတုန်း အေးမြသွားတဲ့ဂုတ်သားပြင်ကြောင့်သူပြုံးလိုက်တယ် ။ မြို့တော်ဝန်က သူ့ကြွက်မြီး
ဆံပင်လေးတွေကို ခေါင်းစည်းကွင်းလေးတွေနဲ့ ခွဲချည်ပေးနေတာပဲ ။"ပင်ပန်းခဲ့လား "
"ဟင့်အင်း "
ပိုနေတဲ့ခေါင်းစည်းကွင်းကိုမြို့တော်ဝန်က လူ့လက်ကောက်ဝတ်မှာပတ်ပြီး ခုံမှာဝင်ထိုင်တယ် ။
"မနက်ဖြန် မြို့ပြင်သွားကြည့်မယ် "
"သွားတော့မှာလား ရေဘူးသတိထားနော် "
