"မင်းတကယ်ရုပ်ဆိုးတာပဲ "
တိုကပ်နေတဲ့ဆံပင်တွေနဲ့ရှောင်းကျန့်က မျက်ဝန်းဝိုင်းတွေနဲ့မော့ကြည့်လာတယ် ။
"ခင်ဗျားဘာလို့နမ်းသေးလဲ "
သူ့အသံက နွေးကာစတို့ဟူးလေးလို ။
"ကိုယ်ကမင်းရုပ်ဆိုးနေရင်ပိုသဘောကျတယ် "
အိတ်ကပ်ထဲက ဆံပင်တိုတိုနဲ့ကလေးပုံလေးကိုထုတ်ပြရင်း မြို့တော်ဝန်က ထပ်ထိုးစစ်ကူခေါ်တယ် ။
"အရမ်းရိုင်းစိုင်းတာပဲ "
သူရုပ်ဆိုးလို့သူ့အပေါ် ကောင်းပေးတယ် ။သူရုပ်တိုးလို့နမ်းတယ် ။ သူရုပ်ဆိုးလို့... ။
"ခင်ဗျားကျွန်တော့်ကိုချစ်လား "
"ကိုယ်မသိဘူး "
"ကျွန်တော်ရုပ်နည်းနည်းထပ်ဆိုးလိုက်ရင်အဆင်ပြေမလား "
"အဲ့ညက... မင်းကိုယ့်ကိုဖွင့်ပြောခဲ့တယ် ဒါပေမဲ့ ယောကျာ်းတွေကို မကြိုက်ဘူးဆိုတာလည်းပြောခဲ့တယ် ၊ မိုးလင်းရင်သေချာတဲ့အဖြေတစ်ခုရမယ်ထင်ခဲ့တာ မင်းကဘာမှမဟုတ်သလိုမေ့ပစ်လိုက်တယ် နိုးလာတာနဲ့ပြောတဲ့စကားက ဟုန်အာတဲ့ အဟက် "
"ဘယ်ညကလဲ "
"ကိုယ့်အခန်းမှာနိုးလာတဲ့ရက်က "
"ကျွန်တော်အဲ့ညကဟာတွေတစ်ခုမှကိုမမှတ်မိတာ ခင်ဗျား..."
"တော်တော့ ခင်ဗျားလို့ခေါ်နေတာများပြီ ... ကိုယ်စိတ်ဆိုးရင်တောင်မင်းအပေါ်ရက်ရက်စက်စက် အသုံးမသုံးဘူး "
"ခင်ဗျားလို့ခေါ်တာတော်တော်ရက်စက်နေလို့လား "
မြို့တော်ဝန်က စိတ်ပျက်သလိုခေါင်းလှည့်သွားတယ် ။ နက်ပြာရောင် necktie က မြို့တော်ဝန်နဲ့လိုက်ဖက်တယ် ။ ရှောင်းကျန့်ရဲ့လက်တွေက ထို necktie ရှိရာရောက်သွားပြီး မာနကြီးနေတဲ့အမျိုးသားကိုဆွဲချလိုက်တယ် ။
"ကျွန်တော့်ကိုမချစ်ဘဲ ကျွန်တော်ချစ်မှာကိုမျှော်လင့်နေတာလား "
မြို့တော်ဝန်ကသက်ပြင်းချပြီးကောင်လေးရဲ့နားထင်ကိုငုံ့နမ်းလိုက်တယ် ။ မျက်ဝန်းလေးမှိတ်ရင်းအနမ်းခံတဲ့ပုံရိပ်က သူ့အတွက်အလှပဆုံးပုံရိပ်လို ။
![](https://img.wattpad.com/cover/285198268-288-k655832.jpg)