Part - 1 (Uni)

17.1K 510 3
                                    

ဇွန်လ တစ်ရက်နေ့ ကျောင်းဖွင့်ချိန်ဖြစ်သဖြင့် "စိမ်း" ဆိုသော ၉ တန်းကျောင်းသူမလေးသည် မိမ်ိတက်ရမည့် အခန်းကိုရှာပြီးအလောသုံးဆယ် အခန်းထဲသို့ ဝင်ထိုင်လိုက်လေသည်။

မိမိ၏ သူငယ်ချင်းဖြစ်သူ "နန္ဒာ" မလာသေးသဖြင့် မျှော်နေရင်း မိမိတို့၏ အတန်းပိုင်ဆရာမ မည်သူဖြစ်နိုင်မည် ဆိုတာကို စဉ်းစားနေပါတော့သည်။ ထိုစဉ် သူငယ်ချင်း "နန္ဒာ" ရောက်လာပြီး "စိမ်း" အား စကားတွေ အတိုးချပြောနေတော့သည်။

ကျောင်းတက်ခေါင်းလောင်းထိုးပြီး ဘုရားရှိခိုးချိန် န်ိုင်ငံတော်သီချင်းဆိုချိန်ထိ အတန်းပိုင်ဆရာမ ရောက်မလာသေးပေ။ " အရင်နှစ်တွေကဆို jကျောင်းစတက်တက်ချင်း နေ့မှာဆို အတန်းပိုင်ဆရာမက အခန်းထဲသို့ကြိုရောက်နှင့်နေကြပါ" ဟု "စိမ်း" စဉ်းစားနေလိုက်တော့သည်။

ခဏအကြာမှ "အရပ်ရှည်ရှည်
ဒေါင်ကောင်းကောင်း မပိန်မဝ အသားဖြူဖြူ" အသက် ၄၀ ကျော်ဝန်းကျင်ရှိလောက်တဲ့ ဆရာမတစ်ယောက် အခန်းထဲသို့ ဝင်လာကာ "မိမိကိုယ်မိမိ အတန်းပိုင်ဖြစ်ကြောင်း ဇီဝဗေဒ သင်မည့်ဆရာမဖြစ်ကြောင်း" ပြောနေစဉ်တွင် "စိမ်း" တစ်ယောက် အံ့ဩစွာကြည့်နေသည်။

သူငယ်တန်းကနေ ရှစ်တန်းအထိ တက်ခဲ့တဲ့ တစ်လျှောက်လုံးတွင် အတန်းပိုင်ဆရာမတိုင်းက ပိုက်ဆံအိတ်လေးလွယ်ကာ ခြင်းတောင်းလေးနှင့်သာ လာတတ်ကြတယ်။ ထိုအတန်းပိုင်ဆိုသူမှာ လက်ထဲတွင် ပ်ိုက်ဆံအိတ်လည်းမပါ ယပ်တောင်တစ်ချောင်းနှင့် ဟန်းဖုန်းသာ လက်ထဲတွင် ပါလာသည်။ "စိမ်း" မျက်လုံးထဲ ထိုဆရာမကို မကြည့်တတ်ပေ။

ဆက်ပြီးထိုဆရာမက " ဆရာမ နာမည်တော့ မင်းတို့သိပြီးသားဖြစ်မှာပါ ... ပြောစရာမလိုလောက်တော့ပါဘူးဟုဆိုသောအခါ" စိမ်းတစ်ယောက်ကြောင်နေတော့သည်။ သူမသည်ထိုဆရာမ နာမည်အား မသိသည့်အပြင် လူကိုလည်းအခုမှ မြင်ဖူးချင်းဖြစ်သည်။  "စိမ်း" စိတ်ထဲတွင် "ဘာလဲဟ... ဒီဆရာမက နာမည်တောင်ပြောဖို့ဝန်လေးနေတယ်ဆိုပြီး" တွေးနေလိုက်ပြီး ထိုဆရာမအား "စိမ်း" လုံးဝမကြည့်တတ်ပေ။

စာများရှင်းကား မနက်ဖြန်အတွက် အိမ်စာပေးပြီး အခန်းထဲမှ ဆရာမ ထွက်သွားကာမှ သူငယ်ချင်းဖြစ်သူ "နန္ဒာ" အား ထိုဆရာမကို သိလားဟုမေးလိုက်သောအခါ နန္ဒာမှ "သိတယ်လေ ... သူက "ဒေါ်ထိပ်ထားသူဇာ" လေ သူက Bio အဖြဲဆရာမကြီးလို့ဒီလောက်နာမည်ကြီးတာ နင်မသိဘူးလား" ဟု ပြန်ပြောလေသည် .................

အပိုင်း(၂) ဆက်ရန်
........................................................
အခုမှ first time စရေးတာမို့ အမှားပါရင်လည်း သည်းခံပြီး ဖတ်ပေးကြပါနော် ..... ကျေးဇူးတင်ပါတယ်ရှင့်

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now