'စိမ်း' စာကျက်နေစဉ် အဒေါ်အကြီးဖြစ်သူ "ဒေါ်မိမိနိုင်" မှ ဝင်လာကာ
"စိမ်း သမီးစာတွေကော လိုက်နိုင်ရဲ့လား ၊ ဘာတွေလိုအပ်သေးလဲ၊ အန်တီမိဘာလုပ်ပေးရအုံးမလဲ?""ဘာမှမလိုအပ်ပါဘူး အန်တီမိရယ် ... လိုရင် စိမ်း ပြောမှာစိတ်ချ"
"ငါ့တူမလေး ဆရာဝန်ဖြစ်အောင် ကြိုးစားရမယ်နော်၊ ဒါမှ အန်တီမိတို့ အမောတွေပြေမှာ၊ သမီးသာဆရာဝန် မဖြစ်ရင် သမီးမာမီက အန်တီမိတို့ကို အပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး"
"ဟုတ်တယ် အန်တီမိရယ် ... ဖုန်းပြောတိုင်းလည်း ဆရာဝန်အမှတ်မှီအောင်လုပ် ဆိုတာကြီးပဲ"
"ဒါနဲ့ သမီးလေးကို ပြောရအုံးမယ်။ သမီးဒယ်ဒီက မိုးကုတ်ကနေ ဒီပြန်ရောက်နေတယ်ကြားတယ်၊ သမီးကို အဆက်အသွယ်တွေဘာတွေလုပ်ရင် အန်တီမိတို့ကိုပြောအုံးနော်"
"လုပ်မှာမဟုတ်ပါဘူး အန်တီမိရယ် ... သမီးက်ို ရှိတယ်လို့တောင် သဘောထားတာမှမဟုတ်တာ"
"စိတ်ထဲမထည့်ပါနဲ့ သမီးရယ် သမီးမှာ အန်တီမိတို့ရှိတာပဲ"
အန်တီမိထွက်သွားသော် 'စိမ်း'လည်း ကိုယ့်ဘဝအကြောင်း ကိုယ်စဉ်းစားမိ၍ တစ်ညလုံးနီးပါး ငိုမိသည်။
(စိမ်း၏ ဒယ်ဒီနှင့်မာမီသည် စိမ်း ၏ မျက်နှာကိုတောင်မထောက် မာနချင်းပြိုင်ကာ လမ်းခွဲခဲ့ကြလေသည်။ ဒယ်ဒီထွက်သွားသောအချိန်သည် စ်ိမ်း အရမ်းငယ်သေးသည်။ ကျန်ခဲ့တဲ့ မာမီကလည်း စိမ်း ငါးနှစ်အရွယ်မှာ အဒေါ်တွေလက်ထဲမှာ ထားခဲ့ကာ စိမ်း ထက် သူမ၏တက်လမ်းများကိုသာ ပိုဦးစားပေးခဲ့သည်။ )
———————————————————————-
နောက်နေ့ တီချယ်ထား စာလာသင်သော် စိမ်း ၏ မျက်နှာကို တွေ့တွေ့ချင်းပင် .....
"သမီး ငိုထားတာလား ၊ ဘာဖြစ်လို့လဲ သမီးရဲ့"
'စိမ်း' လည်း အံ့ဩသွားသည်။ ကိုယ့်မျက်နှာကို မြင်လိုက်တာနဲ့ ဘာဖြစ်ထားလဲဆိုတာ တန်းသိသော တီချယ် .....စ်ိမ်းလည်း ဝမ်းနည်းဝမ်းသာဖြစ်ကာ 'ထား' က်ို ပြေးဖက်လ်ိုက်ပြီး ....
"သမီးမှာ တီချယ်ပဲရှိတာ သ်ိလား တီချယ် ... သမီးလေ တီချယ့်ကို အရမ်းချစ်တယ် .... သမီးကို တီချယ့်လောက် ဘယ်သူမှ အရိပ်တကြည့်ကြည့် ဂရုမစိုက်ပေးဘူး ၊ မနွေးထွေးပေးကြဘူး""ဟုတ်ပါပြီ သမီးရယ် ၊ တီချယ်လည်း သမီးကိုအရမ်းချစ်ပါတယ်ကွယ်"
"သမီးက တီချယ့်ကို ၅၂၈ နဲ့တင်မဟုတ်ဘူး ၁၅၀၀ အချစ်နဲ့ပါချစ်တာနော် ၊ တီချယ်ကကော ၁၅၀၀ အချစ်နဲ့ သမီးကိုချစ်တာလား"
ထား လည်း ကြောင်သွားပြီး ....
"အဲ့ဒါကတော့ တီချယ်လည်း စဉ်းစားရအုံးမယ် သမီးရယ် ပြီးရင် သမီးကအခု စာကိုပဲ ခေါင်းထဲထည့်ထားရမှာလေ ၊ အဲ့ဒါတွေခေါင်းထဲမထည့်နဲ့အုံး သမီး"
စိမ်း သည် ထား ပြောသောစကားများကို လက်မခံဘဲ....
"ဘာစဉ်းစားစရာလိုလို့လဲ တီချယ်ရယ်၊ တီချယ်လည်း သမီးကိုချစ်နေတာပဲ မဟုတ်ဘူးလား၊ တီချယ်ပြန်ချစ်မှ သမီးက စာကိုခေါင်းထဲထည့်လ်ို့ရမှာ ၊ နို့မို့ဆို ထည့်လို့ရမှာမဟုတ်လောက်ဘူး""အဲ့လိုလည်း မဟုတ်သေးဘူးလေ ... သမီးရယ်" လို့သာလျှင် 'ထား' မှ အစချီနေစဉ် ...
"တော်ပြီ တီချယ် ... ဘာမှမပြောပါနဲ့တော့ ... လူကြီးတွေက အမြဲအဲ့လိုပဲ၊ သမီးကိုပဲ ထားထားခဲ့ကြတာ ၊ တီချယ်လည်း အခုအဲ့လိုလုပ်တော့မှာမလား၊ သမီးစိတ်မကောင်းဘူး" လို့ဆိုကာ 'ထား' ကို ကျောပေးလ်ိုက်ကာ ထွက်သွားဖို့ပြင်လိုက်စဉ် ....
ထား မှ စ်ိမ်း လက်အား လှမ်းဆွဲကာ ရင်ခွင်ထဲတွင် ဖက်လိုက်ပြီး ...
" စိတ်မကောင်းမဖြစ်ပါနဲ့ သမီးရယ် .... တီချယ် ကလေ သမီးကို မိဘက သားသမီးကိုချစ်တဲ့ အချစ်မျိုး၊ ချစ်သူအချင်းချင်း ချစ်တဲ့အချစ်မျိုး၊ ဆရာမှတပည့်ကိုချစ်တဲ့အချစ်မျိုး ၊ အဒေါ်က တူမကိုချစ်တဲ့အချစ်မျိုး ၊ ကမ္ဘာပေါ်မှာရှိရှိသမျှ ချစ်ခြင်းမေတ္တာမျိုးစုံ နဲ့ သမီးကို တီချယ်က အရမ်းချစ်တာ၊ တီချယ် စဉ်းစားမယ်ဆိုတာလည်း သမီးကိုစာကိုပဲ အာရုံစိုက်စေချင်သေးလို့ပါ ..... စိတ်မကောင်းမဖြစ်လိုက်နဲ့နော်" ဟုဆိုကာ 'စိမ်း' ရင်ခွင်ထဲက စိမ်းခေါင်းလေးကို ပွတ်ကာ ပြောလိုက်လေသည်။စိမ်း လည်း ပြောမပြတတ်အောင်ပင် ပျော်သွားပြီး မျက်လုံးအဝိုင်းသားဖြင့် ပြုံးကာ ....
"အာ့ဆို သမီးတို့ ချစ်သူတွေဖြစ်သွားကြပြီနော် တီချယ်" ဟုဆိုကာ ထား ပါးလေးကို ခြေဖျားလေးထောက်ကာ နမ်းလိိုက်လေသည်။
—————————————————————-
အပိုင်း (၁၁) မျှော်
YOU ARE READING
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...