ကျောင်းမှာတွေ့ပြီး နောက်အပတ်မှ စာလာသင်မည့် 'ထား' အား 'စိမ်း' လွမ်းနေတော့သည်။ လွမ်းကြောင်းဖုန်းဆက်ပြောလျှင်လည်း တီချယ်က စာမလုပ်ဘဲ သူမအားထိုင်လွမ်းနေလားဟု ဆူအုံးမယ်။ "လွမ်းတိုင်းပြေးတွေ့လို့ရရင် သိပ်ကောင်းမယ်" လို့တွေးနေလေသည်။
'ထား' လည်း 'စိမ်း'နဲ့ ထပ်တူလွမ်းမိသည်။ အခုမှ ပွင့်ပွင့်လင်းလင်း ချစ်ပြကာစ ချစ်သူနှစ်ဦးတို့အတွက် ချစ်ရတဲ့အချိန်က နည်းလွန်းလှသည်။
'စိမ်း' ညဘက်စာကျက်နေရင်း 'ထား' အား အရမ်းလွမ်း၍ " တီချယ် .... အ်ိပ်နေပြီလားဟင်၊ သမီးတီချယ့်ကို အရမ်းလွမ်းလို့၊ သမီးစာတွေကျက်ရတာ အရမ်းပင်ပန်းနေပြီသိလား၊ တီချယ့်မျက်နှာလေး ခဏတွေ့လိုက်ရရင်၊ သမီးအားရှိသွားမလားပဲ" ဟု စာပို့လိုက်လေသည်။
စာကိုဖတ်ပြီး ပင်ပန်းနေသော သမီးလေးကို 'ထား' သွားတွေ့ကာ ထွေးဖက်ထားချင်မိသည်။ ထို့နောက် အကြံတစ်ခုရသွားကာ ပြုံးလိုက်လေသည်။
'စိမ်း' လည်း 'ထား' ဆီက ပြန်စာမရလို့ စိတ်ခုနေပေမယ့် တီချယ် အိပ်သွားလောက်ပြီဟုသာ တွေးလိုက်တော့သည်။
မနက်နှိုးစက်မြည်၍ အိပ်နေရာမှ နိုးသွားသော 'စိမ်း' မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက လမင်းကြီးလို သူမကို ပြုံးပြီးကြည့်နေသော 'ထား' ......
အိပ်ချင်မူးတူးဖြစ်နေလို့ ထင်ယောင်ထင်မှားများ ဖြစ်နေမလားဟု မျက်လုံးကိုပွတ်ပြီးထပ်ကြည့်လည်း မြင်နေရသော သူမမျက်နှာ .... 'စိမ်း' သည်
ပျော်ရွှင်သွားသောအသံလေးဖြင့်
"ဟာ တီချယ်" လို့ပဲပြောရသေး ထား မှ ဆွဲဖက်လိုက်ကာ .....
"ဟောဒီ့က ဘေဘီလေးက ပင်ပန်းနေပြီဆိုတော့ ကျွန်မက လာတွေ့ရတာပေါ့""အဲ့အတိုင်းလေး ဘာမှမပြောဘဲငြိမ်ငြိမ်လေးနေပေးပါလား၊ တီချယ့်ရင်ငွေ့လေး မှာ ခိုလှုံရင်းအနွေးဓာတ်လေးခံစားချင်လို့" ဟု စိမ်းမှ ပြန်ဖက်ထားရင်းပြောလိုက်လေသည်။
ခဏကြာသော် "တော်ပြီလေ သမီး၊ မျက်နှာသစ် သွားတိုက်ပြီး တီချယ်ယူလာတဲ့ အုန်းနို့ခေါက်ဆွဲသွားစား"

CZYTASZ
ချစ်ခြင်းအစ... မုန်းခြင်းက
RomansAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...