Part-18 (Uni)

5.7K 257 1
                                    

မနက်ခင်း စိမ်းစ်ိုနေသောပတ်ဝန်းကျင်တွင် ပင်လယ်လှိုင်းသံ နှင့်အတူ ပထမဦးဆုံး နိုးလာသူမှာ 'ထား' ပင်ဖြစ်သည်။

'ထား' သည် မနက်ခင်းနိုးတိုင်း 'စိမ်း' ၏ မျက်နှာပေါ်လေးမှာရှိတဲ့ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းဆီကို သူမလက်ကလေးနှင့် ပွတ်သက်ပေးတတ်သည်။

ခဏအကြာ 'စိမ်း' လည်း နိုးလာပြီး လိုက်ကာအဖြူလေးမှ တစ်ဆင့်မြင်နေရသော ပင်လယ်ကြီးကို လက်ညှိုးထိုးပြလိုက်ပြီး " မနက်ခင်းလေးမှာ ချစ်ထားရင်ခွင်ထဲမှာ နိုးထလာပြီး ပင်လယ်ကြီးကို မြင်နေရတာ စိတ်ချမ်းသာစရာ ကောင်းလိုက်တာနော်"
"ဟုတ်တယ်နော် လှပတဲ့ပတ်ဝန်းကျင်လေးမှာ မို့လို့လားမသိ ... ညကအိပ်မက်လေးကလည်း ကောင်းလိုက်တာ ပြောမနေနဲ့ သမီးရယ်"
"ဟုတ်လား ဘာတွေများ မက်လို့လဲ ပြောပြပါအုံး သမီးကို"
"ဟောဒီက ချစ်ထား သမီးလေးကိုမက်တာ ... ဂျူတီကုတ်အဖြူလေးနဲ့ ဆံပင်လေးစည်းထားတာ သမီးက ကျက်သရေတော်တော် ရှိနေတာ ... သမီးသိလား သမီးဆေးကျောင်းတက်ရင် ချစ်ထားက အကြိုအပို့လုပ်ပေးမယ်" ပြောနေစဉ် 'စိမ်း' မှ စကားအတင်းဖြတ်ချလိုက်ပြီး
"ချစ်ထား အဲ့ဒါတွေ နောက်မှပြော သမီးတို့ ရေသွားစိမ်ကြမယ် ထတော့" ဟု အသည်းအသန် စကားလမ်းကြောင်းလွှဲသွားလေသည်။

'စိမ်း' မှာ ငပလီမှာရှိစဉ် သုံးရက်လုံး ကျောင်းကိစ္စမပြောဖြစ်ပါ။ ပြောလိုက်ရင် နှစ်ယောက်သား အပျော်လေးတွေ ပျက်သွားမှာစိုးလို့ မပြောခဲ့ဖြစ်ပေ။
—————————————————————
အိမ်ပြန်ရောက်ရောက်ချင်း အဒေါ်ဖြစ်သူမှ .....
" စိမ်း တော်တော်မှ ပျော်ခဲ့ရဲ့လား သမီး .... အမှတ်စာရင်းတွေ သွားထုတ်လို့ရပြီကြားတယ်သမီး .. တီချယ်ထားကို မေးကြည့်လိုက်အုံး"

"အမှတ်စာရင်း မြန်မြန်ထုတ်ပြီးမှ ငါနားအေးမှာ ... သမီးမာမီက အသည်းအသန် သမီးကို ခေါ်ချင်နေတာ"
"အန်တီမိ ... သမီး U.S မှာ ကျောင်းသွားမတက်ချင်ဘူး ... ဆေးကျောင်းကို ဒီမှာပဲတက်လို့မရဘူးလား"

"ကိုယ့်မာမီကို ကိုယ့်ဘာသာပြော သမီးရေ... သူသာ အန်တီမိတို့ စကားနားထောင်ခဲ့ရင် သမီး မိတကွဲဖတကွဲ မနေရဘူး ... ဒါတွေပြန်မပြောချင်ပါဘူး သမီးရယ်၊ အန်တီမိတို့က သမီးကို တစ်သက်လုံး မွေးလာခဲ့တဲ့သူတွေ ပိုတောင်မလွှတ်ချင်သေးတယ်၊ ဒါမယ့် သမီးက သူ့သမီးဆိုတော့လည်း သူ့စိတ်ကြိုက်လုပ်တာခံရမှာပဲ"
"ဟုတ်ကဲ့ပါ အန်တီမိရယ် ... အန်တီမိပါ ခဏလိုက်မှာမလား ဟိုကို"
"ဟုတ်တယ် အန်တီမိဟိုမှာ medical check up တွေဘာတွေ လုပ်ပြီးမှပြန်မယ်သမီး၊ သမီးလည်း သွားနားတော့"
"ဟုတ် အန်တီမိ" ဟု ဆိုကာ လေးလံသော ခြေထောက်များဖြင့် အပေါ်သို့တက်သွားလေသည်။

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now