"အင်း.... အရမ်းမောတာပဲ သမီးရယ် .... အချစ်ခံရတာ"
"တီချယ် .... ဒီနေ့က သမီးတီချယ့် ခန္ဓာကိုယ်လေးကို စိတ်ရှိသလို ချစ်ရတဲ့နေ့လေး၊ ဒါမယ့်ကွာ ဒီလက်သည်းရှည်တွေကြောင့် လုပ်ချင်သေးတာတွေ မလုပ်လိုက်ရဘူး"
"သမီး တီချယ်က သမီးလေးကို ချစ်လွန်းလို့သာ အလွယ်တကူခွင့်ပြုပေးလိုက်တာ၊ တီချယ့်ကို တန်ဖိုးထားရမယ်နော် ၊ သစ္စာရှိရမယ်နော်"
"ဟုတ်ကဲ့ပါ၊ တီချယ့်ကို အမြဲတစ်သက်လုံး သစ္စာရှိရှိချစ်နေမှာပါ ဒီကသမီးလေးက ၊ သမီးစဉ်းစားထားတာရှိတယ်၊ သမီးတီချယ့်ကို 'ချစ်ထား' လို့ ခေါ်မလားလို့ စဉ်းစားနေတာ"
"ချစ်ထား တဲ့လား ..... တော်တော်ခေါ်တတ်တာပဲနော် သမီးက နာမည်လေးကို ခေါ်လိုက်တာနဲ့ ဒီကတဖြုတ်ဖြုတ်ကြွေကျနေပြီ"
"အာ့ဆို သမီးတို့ နောက်တစ်ချီ ဆွဲလိုက်ရအောင်" ဟု ဆိုကာ 'ထား' ဆီမှ အဖြေပြန်မလာခင်ပဲ 'ထား' ကိုယ်ပေါ်ပြန်တက်ကာ ခပ်မြန်မြန်ပင် လှုပ်ရှားလိုက်လေသည်။
ထိုနေ့ညကတော့ 'ထား' အိပ်ခန်းလေးသည် အရင်လို တိတ်ဆိတ်မနေဘဲ ငြီးညူးသံများ တောင်းဆိုသံများ မောဟိုက်သံများ နမ်းရှိုက်သံများနှင့် တစ်ညလုံးနီးပါး ပြည့်နေသည်။
—————————————————————————မနက်မိုးလင်းသော် ..... 'ထား' မှာ ဦးစွာနိုးလာပြီး သူမရင်ခွင်လေးထဲမှာ အိပ်နေသော 'စိမ်း' ကို ကြည့်ကာ " အခုကျတော့ အိပ်နေတာ သူမဟုတ်တဲ့ အတိုင်းပဲ၊ ညကကျတော့ သောင်းကျန်းလိုက်တာ လွန်ရော" ဟု ပြောပြီး 'စိမ်း' ရဲ့ မျက်ခုံးလေးတွေ နှာခေါင်းလေးတွေ ပါးလေးတွေကို လက်လေးဖြင့် ပွတ်ပေးနေပြီး "တီချယ့်ဘဝမှာ နောက်ထပ်ဘယ်အရာမှ မလိုအပ်တော့ဘဲ သမီးရှိယုံနဲ့ တင် ပြည့်စုံနေပါပြီ" သမီးရယ် ဟု တိုးတိုးလေးပြောလိုက်တာကို 'စိမ်း' မှ ကြားပြီး "ဟုတ်လား၊ သမီးကို အဲ့လောက်တောင် ချစ်တယ်ပေါ့"
"ဟယ်.... နိုးနေတာကို အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့ သမီးက"
"ဟုတ်ပါဘူး သမီးလည်း ချစ်ထားရင်ခွင်လေးထဲက မထွက်ချင်လို့ပါကွာ' ဟုပြောပြီး 'ထား' မျက်နှာလေးအားမော့ကြည့်လိုက်စဉ် .....
"ဝိုး ... ချစ်ထား လည်ပင်းမှာ marking တွေ အများကြီးပဲ" ထား လည်း လန့်သွားပြီး ထကြည့်မည်အလုပ်.....
"အား.... ကျွတ်ကျွတ် ..... တစ်ကိုယ်လုံးနာနေတယ် ... အချစ်ကပေးထားတဲ့ ဒဏ်တွေဆိုတော့လည်း နာလည်း ကြိတ်ခံရမှာပေါ့" ဟုဆိုကာ မှန်တင်ခုံက မှန်က်ိုကြည့်လိုက်စဉ် ....
"သမီးရေ ထင်းနေတာပဲ ဒီနေ့ကျောင်းမှာနေ့ခင်းကျ အစည်းအဝေးလည်းရှိတယ်၊ ဒါတွေနဲ့ ဘယ်လိုသွားရပါ့မလဲ"
"သမီး မိတ်ကပ်လေးနဲ့ ဖုံးပေးလိုက်မယ် ၊ ချစ်ထား ပုဝါလေးစည်းသွားလိုက်လည်း ရတာပဲ"
"ညကသမီး မတရားသောင်းကျန်းတဲ့ အကျိုးဆက်တွေလေ ... မပြောချင်ဘူး"
————————————————————————"သမီးဒီနေ့ အင်္ဂလိပ်စာသင်တန်းတက်မလို့ သွားအပ်ရမှာ သ်ိလား ချစ်ထား"
"သမီးအဲ့ဒါ ချစ်ထားကို ဘာလို့စောစောစီးစီး မပြောတာလဲ ... ချစ်ထားဆရာမရှာပေးမှာပေါ့ အိမ်မှာတစ်ယောက်ချင်း ခေါ်သင်လို့ရအောင်"
"ဟာ... ချစ်ထားကလည်း .. သူငယ်ချင်းတွေနဲ့ တူတူတက်မှ ပြောရဲဆိုရဲ ဖြစ်မှာပေါ့"
"ဟုတ်ပါတယ်လေ ... သမီးနော် ချစ်ထားကို ကြိုမပြောပြထားတဲ့အတွက် သိပ်မကျေနပ်ဘူးနော်"
"မေ့သွားတာ... ချစ်ထားရေ၊ မနေ့ကရုပ်ရှင်ရုံထဲက ထွက်လာပြီးကတည်းက ချစ်ထားကိုဝိုက်ဖို့ပဲ တွေးနေတာနဲ့တင် ပြောဖို့
မေ့နေတာဆို ဟီး..."
"တော်တော်ဆိုးတဲ့ သမီး" 'စိမ်း' ခေါင်းလေးကို ခေါက်လိုက်ပြီး ဆိုလိုက်လေသည်။
"ဒါပဲနော် သမီး.. ချစ်ထား စိတ်ချချင်တယ် သမီးကို၊ ချစ်ထားစိတ်ပူတာတွေကို ခဏခဏပြောနေလို့ သမီးမှတ်မိမှာပါ ၊ ပြီးရင်နောက်ပိုင်း အကြောင်းကိစ္စရှိလို့ ကြိုမပြောထားရင် ချစ်ထားခွင့်မပြုဘူးနော်""အင်းပါ ချစ်ထားရယ် နောက်မဖြစ်စေရပါဘူး"
(အမှန်ပြောရရင် သမီးလေးကို 'ထား' လုံးဝစိတ််မချပါ သူနဲ့ရွယ်တူဆိုလည်း ကောင်းသား၊ သူလုပ်သမျှ အကုန်လိုက်လုပ်လို့ ရတယ်လေ၊ အခုတော့ အဝေးကနေပဲ စိတ်ပူနေရတယ်၊ အသက်အရွယ်ကွာဟနေတဲ့ အတွက်ကြောင့် အရာအရာဟာ ကျွန်မရှုံးနေရတယ်၊ သမီးကို ချစ်မိတဲ့နေ့ကစပြီး တစ်ရက်မှစိတ်မပူရတဲ့ နေ့မရှိပါဘူး၊ သမီးအနားရှိနေရင်တော့ စိတ်ချမ်းသာရပြီး အေးချမ်းရပါတယ် ၊ ဖြစ်နိုင်ရင် ကျွန်မအနားမှာပဲထားပြီး ကျွန်မသွားလေရာကို ခေါ်သွားလိုက်ချင်တယ်၊ ဒါပေမယ့် သမီးလေးက တက်လမ်းတွေ အများကြီးရှိနေတဲ့ လူငယ်တစ်ယောက်လေ... ကျွန်မ သမီးနဲ့ မတွေ့ခင်က အတ္တမကြီးတတ်တဲ့ မိန်းမတစ်ယောက်လို့ ကိုယ့်ကိုကိုယ် ထင်မိပေမယ့် အခုတော့ သမီးနဲ့ ပတ်သက်ရင် အရမ်းအတ္တကြီးနေမိတဲ့ မိန်းမဖြစ်နေပါပြီ ....) 'ထား' သမီးလေးကိုကြည့်ရင်း တွေးနေမိပြန်ရော ....
————————————————————————-
အပိုင်း (၁၆) မျှော် .......

ESTÁS LEYENDO
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...