လေယာဉ်လေးသည် Yangon International Airport မှ ၂၂ နာရီကျော်ကြာ ပျံသန်းပြီးနောက် Los Angeles International Airport သို့ ဆိုက်ရောက်လာလေသည်။
'စိမ်း' လည်း အရာရာအားလုံးဟာ အသစ်အဆန်းဖြစ်နေသဖြင့် ပတ်ဝန်းကျင်ကို လိုက်စူးစမ်းကာ ပျော်နေလေသည်။
Immigration ဖြတ်ပြီး လေဆိပ်တွင် လာကြိုသော မာမီ့အား 'စိမ်း' တွေ့ပြီး ပြေးဖက်လိုက်လေသည်။
"Long time no see my daughter. Welcome to the United States of America" ဟုဆိုကာ ပါးလေးကို အနမ်းလေး ပေးလိုက်သည်။
"မာမီတို့က Burbank City မှာ နေတာ သမီးရဲ့ LA ကနေဆို 14 minutes လောက်ပဲ ဆက်သွားရမှာ။ သမီး ဒီမှာနေကြည့် ပျော်သွားမှာစိတ်ချသိလား။ အိမ်မှာ သမီးရဲ့ မောင်လေးက သမီးကို စောင့်နေတယ်။
('စိမ်း' မာမီသည် US ရောက်မှ ဆရာဝန်တစ်ယောက်နဲ့ ယူလိုက်ပြီး သားယောက်ျားလေးတစ်ယောက် မွေးထားသဖြင့် 'စိမ်း' မှာ အမေတူ အဖေကွဲ မောင်လေးတစ်ယောက်ရှိလေသည်။)
" မာမီ သမီးက မာမီတို့ မိသားစုကို လာရှုပ်သလိုများ ဖြစ်နေလား"
"ဟာ .... သမီးကလည်း မာမီက အ်ိမ်ကသူနဲ့ မယူခင်ကတည်းက ကြိုပြောထားပြီးသားသမီးကို နောက်ပိုင်းဒီမှာခေါ်ထားမယ်ဆိုတာ"
'စိမ်း' ဖုန်းလေး wifi မိသွားသည်နှင့် တစ်တောင်တောင်နဲ့ 'ထား' ဆီမှ စာများရောက်လာသည်။
"သမီးလေး .... ရောက်ပြီလား ရောက်ရင် ချစ်ထားကို စာပို့ထားအုံးနော်" စာလေးဖတ်မိသဖြင့် ရင်ဘတ်ထဲ နွေးသွားလေသည်။
မကြာမီ 'စိမ်း' မာမီတို့ အိမ်လေးကိုရောက်လာသည်။
အိမ်လေးက ချစ်စရာကောင်းသော်လည်း ၊အိမ်ထဲ ဝင်သွားလိုက်သည်နှင့် အေးစက်စက်ခံစားရသည်။
မာမီ့ယောက်ျား၏ အဖေ၊အမေ များကလည်း 'စိမ်း' ကို သေချာကြည့်နေကြသည်။ မာမီကတော့ မိတ်ဆက်ပေးနေရှာသည်။ ခဏနေမှ 'စိမ်း' ၏ မောင်လေးဆိုသူသည် လှေကားပေါ်က ပြေးဆင်းလာပြီး 'စိမ်း' အား နှုတ်ဆက်လေသည်။ (စိမ်းမာမီနှင့် ညဘက် video call ပြောဖြစ်တဲ့အချိန်ဆို တစ်ခါတစ်လေ မောင်လေးနှင့် ပြောဖြစ်သဖြင့် ခင်နေကြသည်။)
'စိမ်း' မောင်လေး၏ နာမည်သည် ဂျွန်ဖြစ်ပြီး အသက်မှာ ၁၀ နှစ်သာ ရှ်ိသေးသည်။
KAMU SEDANG MEMBACA
ချစ်ခြင်းအစ... မုန်းခြင်းက
RomansaAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...
