'စိမ်း' တို့သည် နောက်ဆုံစာမေးပွဲကြီး ဖြေရတော့မည်ဖြစ်သဖြင့် ဆရာ၊ဆရာမများအား ထိုင်ကန်တော့ကာ နှုတ်ဆက်နေကြလေသည်။
တစ်ချို့ကျောင်းသားများက ဘော်ဒါသွားမည့်သူများ၊ ကျောင်းပြောင်းမည့်သူများ ရှိကြလေသည်။ ဒီကျောင်းတွက် ဆက်တက်ကြမည့် 'စိမ်း' တို့ကတော့ ဝမ်းနည်းစရာမရှိပေ။ 'စိမ်း' တို့နှင့်အတူ ကိုးတန်းမှဆရာ၊ဆရာမများလည်း ဆယ်တန်းသ်ို့လိုက်ပြောင်းကြရမည် ဖြစ်သည့်အပြင် အတန်းပိုင်ကလည်း 'ထား' ပဲ ဖြစ်နေသောကြောင့်ဖြစ်သည်။
ဘော်ဒါသွားမည့် ကျောင်းသူများထဲမှ ခပ်သွက်သွက်
တစ်ယောက်သည် ငိုပြီး 'ထား' ဆီပြေးသွားကာ နောက်နှစ် Tr နဲ့မတွေ့ရတော့ဘူးပေါ့ ဆိုကာ 'ထား' အား ဖက်လိုက်လေသည်။ဤသည်ကို 'စိမ်း' မြင်သော် လုံးဝမကြိုက်လှပေ။ ဘာဖြစ်လို့မှန်းမသိ Tr က သူများကို သူ့ထက် ဂရုစ်ိုက်နေသည်ကို ခဏတဖြုတ်တွေ့လည်း စိတ်တွေတိုလာသည်။ အခန်းထဲမှထွက်သွားပြီး အပြင်မှာ သွားရပ်နေလေသည်။
'ထား'က 'စိမ်း' ထွက်သွားသည်ကို မြင်သဖြင့် ခဏနေ 'စိမ်း' ဘေးသ်ို့လာက "သမီး ဘာဖြစ်လ်ို့ အပြင်မှာ ရပ်နေတာလဲ? အထဲလာလေ"
"သမီး အထဲမှာ မနေချင်လို့ အပြင်မှာလာရပ်နေတာ ဘာဖြစ်လို့လဲ တီချယ်ရဲ့ မမြင်ချင်တာတွေရှိလို့ မနေတာ"
'ထား' လည်း သေချာသိလိုက်ပြီး " သမီးက Tr ကို အူတိုနေတာလား" ဟု မေးလိုက်သဖြင့် 'စိမ်း' မှ ရှက်သွားပြီး " အူတိုတယ်ဆိုတာ ဘာမှန်းတောင်မသိဘူး တီချယ်ရယ်" ဟု ငြင်းလိုက်လေသည်။
"မတိုနဲ့ သမီးရေ ... နောက်ဆို တီချယ်က သမီးကို ကျောင်းမှာကော၊ အိမ်မှာပါ ဂရုစိုက်ပေးရတော့မှာလေ" လို့ ခေါင်းလေးပွတ်ကာ ပြောလိုက်သဖြင့် 'စိမ်း'လည်း ကျေနပ်သွားလေတော့သည်။
ဤချစ်ခြင်းမေတ္တာတို့သည် ဆရာမှတပည့်သို့ တပည့်မှဆရာသို့ထားသည့် ချစ်ခြင်းမေတ္တာသာ ဖြစ်ကြသည်ဟု နှစ်ယောက်လုံး ထင်နေကြလေသည်။ အမှန်မှာ ဆရာတပည့် ချစ်ခြင်းမေတ္တာထက် ပိုနေကြသည်ကို နှစ်ယောက်သား သတိမထားမိကြပေ။
————————————————————————ကိုးတန်းစာမေးပွဲကြီးလည်း ပြီးဆုံသွား၍ 'စိမ်း' တို့ နားချိန် တစ်ပတ်လောက် ရသည်။ 'စိမ်း' လည်း ဘယ်မှမသွားဖြစ်ပဲ အခန်းအောင်းပြီး အင်္ဂလိပ်ဇာတ်လမ်းများ ကြည့်ဖြစ်နေလေသည်။ ' စိမ်း' ကြည့်နေသော series တွင် မိန်းကလေးချင်း ချစ်ကြိုက်သည့် အခန်းများပါလေသည်။ ထိုအခန်းများလာလျှင် 'စိမ်း' သည် 'ထား' ကိုပဲ မြင်ယောင်မိနေသည်။ ထိုသို့ မြင်ယောင်မိတိုင်း " ဟာ... ငါဘာတွေတွေးနေမိတာပါလိမ့်" ဟု ဆိုကာအတွေးများကို အမြဲပြောင်းလဲလိုက်သည်။
ကြည့်လက်စ series ပြီးသွားသော 'စိမ်း' သည် lesbian ကားများကိုပဲ ရှာကြည့်တော့သည်။ အထူးသဖြင့် age gap lesbian ကားတွေကို ပိုရှာကြည့်တတ်သည်။ ထိုဇာတ်လမ်းများ ကြည့်ပြီးတိုင်းလည်း 'ထား' နှင့် စိတ်ကူးယဉ်တတ်သည်။
'စိမ်း' သည် 'ထား' အပေါ် တပည့်မှဆရာ့အပေါ်ထားသည့် ချစ်ခြင်းမေတ္တာများမှာ အရောင်စတင်ပြောင်းလဲလာတော့သည်။
————————————————————-
အပိုင်း (၉) မျှော် ......
YOU ARE READING
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...