'စိမ်း' လက်များ အောက်သို့ဆင်းလာသောအခါ 'ထား' သည် နမ်းနေတာကို ရပ်လိုက်ပြီး .... " ဒီလောက်ဆိုရပြီ သမီးလေး" ဟု 'စိမ်း' ပါးလေးနှစ်ဖက်အား ဆွဲညှစ်ကာဆိုလိုက်သည်။
'ထား' သည် 'စိမ်း'ဆံပင်ညှပ်၊ ဆံပင်ဆေးဆိုးတာက အစ လက်သည်း၊ခြေသည်း ပြင်တာအဆုံးထိ သူလိုချင်သော ပုံများကိုသာ လုပ်ခိုင်းသည်။
'စိမ်း' သည် ဒေါက်ဖိနပ်လေးစီးထားသော်လည်း 'ထား' ထက်အနည်းငယ်ပုနုသေးသည်။ 'ထား' လက်မောင်းလေးက်ို ချိတ်ပြီးနှစ်ယောက်သား စျေးဝယ်ထွက်နေလေသည်။ 'ထား' ၏နုပျိုမှုကြောင့် မသိတဲ့သူတွေဆို သူမတို့နှစ်ဦးအား ညီအမလိုတောင်ထင်နိုင်သည်။
အပြန်လမ်းတွင် ... "သမီးလေးက အရမ်းလိမ္မာတာပဲ၊ တီချယ်ညှပ်ဆိုတဲ့ ဆံပင်ပုံလေးက်ိုညှပ်တယ် ၊ တီချယ်ကြိုက်တဲ့ အရောင်လေးတွေလည်း ဆိုးတယ်" ဟု ဆိုကာ 'စိမ်း' လက်ကလေးကိုကိုင်ကာ " သမီးရဲ့ လက်ချောင်း သွယ်သွယ်လေးတွေ ၊ လက်သည်းရှည်ရှည်လေးတွေကို တီချယ် အရမ်းမြတ်နိုးတာပဲ" သမီးရယ် လို့ပြောလိုက်ပြီး လက်ဖမိုးလေးတွေကို နမ်းလိုက်လေသည်။
"တီချယ် သမီး တီချယ့်အိမ် တစ်ခါမှ မရောက်ဖူးဘူး.. သမီးအခုလိုက်လည်ချင်တယ် .."
"သမီးမပြောလည်း နောက်နေ့ခေါ်လည်မလို့ ၊ သမီးလေးက ဒီနေ့လိုက်လည်ချင်တယ်ဆို ခေါ်ရမှာပေါ့ကွယ်"'ထား' တို့အိမ်လေးသည် ကျယ်ဝန်းလှသည့် ခြံလေးထဲတွင် တစ်ထပ်တိုက်လေး ... တစ်ထပ်တိုက်လေး ဆိုပေမယ့် အိမ်လေးကအလွန်ကျယ်လှသည်။ "သမီးကို တီချယ့် မေမေရယ် ညီမရယ်နဲ့ မိတ်ဆက်ပေးချင်တာ၊ သူတို့ကနယ်ခဏသွားနေလို့ သမီးရေ၊ လာ... တီချယ့်အခန်းကို လိုက်ပြမယ်"
'ထား' အခန်းလေးသည် ပစ္စည်းများ သပ်သပ်ရပ်ရပ်နှင့် နှစ်ယောက်အိပ်ကုတင်ထက်မှာ အိပ်ရာခင်း၊ စောင်များကို အဖြူများသာ သုံထားလေသည်။
တီချယ့်အိပ်ရာလေးက အိပ်ချင်စရာလေးဟုဆိုကာ အိပ်ရာပေါ် ဝုန်းခနဲ့ လှဲချလိုက်ရင်း " သမီး ဒီနေ့ တီချယ်အိမ်မှာပဲ အိပ်တော့မယ်... အိမ်မပြန်ချင်တော့ဘူး"
"ချက်ချင်းကြီးပါလား ကောင်မလေး၊ အိမ်မပြန်ရင် အဒေါ်တွေက စိတ်ပူနေမှာပေါ့"
"တီချယ့်အိမ်မှာ အိပ်မယ်လို့ ဖုန်းလေးတစ်ချက် ကောက်ဆက်လိုက်ရင် ရတယ်၊ တီချယ်နဲ့ဆို စိတ်ချပြီးသား သူတို့က"
"ညဝတ်အင်္ကျီလည်းမပါလာဘူးမလား ... နောက်နေ့မှလာအိပ်ပါ သမီးရယ် တီချယ်လာခေါ်မယ်နော်"
"ဟာ... ဧည့်သည်ကို နှင်ထုတ်နေတဲ့ အိမ်ရှင်ပဲ၊ ညဝတ်အိပ်တာပဲ တီချယ့်ဥစ္စာတစ်ခုခု ယူဝတ်လ်ိုက်လို့ရတာပဲ၊ တီချယ်နော် တီချယ်လုပ်စေချင်တာတွေကျတော့ သမီးကလုပ်ရတယ် ၊ သမီးဖြစ်ချင်တာကျတော့ တီချယ်က ပေးမလုပ်ဘူး"
"အမယ်လေး အိပ်ပါတော် .... ကျွန်မက လူဆိုးမကြီးကိုဖြစ်လို့"
————————————————————————-
![](https://img.wattpad.com/cover/291128079-288-k533575.jpg)
ESTÁS LEYENDO
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...