ဆက်ပြီး 'နန္ဒာ' မှ "နင်အားငယ်နေတဲ့အချိန် ဝမ်းနည်းနေတဲ့အချိန်တွေဆို တီချယ်ပဲ နင့်အနားမှာ ရှိပေးခဲ့တာ နင်အသိဆုံးပဲလေ။ ဆယ်တန်းတုန်းကဆို နင့်ကိုဘေးကနေ အသေးစိတ်ကလေးတွေကအစ ဂရုစိုက်ပေးတာ ငါတောင်အားကျခဲ့ရတယ်။ နင်တီချယ့်ကို ရွေးချယ်လိုက်လို့ မှားမယ်လို့တော့ ငါမထင်ဘူး"
'နန္ဒာ' နဲ့ ဖုန်းပြောအပြီး 'စိမ်း' မှာ 'ထား' ရဲ့ချစ်ခြင်းတွေကို ကွက်ကွက်ကွင်းကွင်း မြင်လာလေသည်။ " ငါချစ်ထားကို ဒီလိုထားခဲ့ဖို့ စဉ်းစားနေတာတောင် ငါမဖြစ်သင့်ဘူး" လို့တွေးနေသည်။
"ငါဒီရောက်ထဲက ချစ်ထား အိပ်ချိန်တွေလည်း နောက်ကျလာတယ်" ( 'စိမ်း' ဆီမှာ မနက်ဆို 'ထား' တို့ ဆီမှာ ညဖြစ်နေလေသည်။)
"ငါမနက်စောစောထပြီး သူနှင့် ဖုန်းပြောရင် ငါအ်ိပ်ရေးပျက်မှာစ်ိုးလို့ သူပဲ နောက်ကျမှအိပ်ပြီး ငါနဲ့ ဖုန်းအမြဲပြောလေ့ရှိတာ ငါနဲ့ ဖုန်းပြောလို့ပြီးချိန်ဆို ည ဆယ့်နှစ်နာရီခွဲ တစ်နာရီလောက်မှ သူအိပ်ရရှာတာ"
" ဪ .... ချစ်ထားလောက် ငါ့အပေါ်မှာ ဘယ်သူမှ မချစ်နိုင်ကြဘူးပဲ" ဟု တွေးနေလေသည်။
စိမ်းမာမီလည်းပဲ စိမ်းနဲ့ အနေဝေးခဲ့လို့လားမသိ 'စိမ်း' အား 'ထား' လောက် အရိပ်တကြည့်ကြည့်
မချစ်ပေးနိုင်ပါ။မကြာခင် 'စိမ်း' လည်း ဆုံဖြတ်ချက်တစ်ခု ချက်လိုက်ကာ...
"ဟုတ်တယ် ငါအဲ့အတိုင်းပဲ လုပ််မယ်" ဟု ဆိုကာ အန်တီမိ နေသော အခန်းထဲသ်ို့ သွားလိုက််လေသည်။"အန်တီမိ 'စ်ိမ်း' ပြောစရာရှိလို့ မာမီ့ကိုပါခေါ်ချင်တာ အန်ကယ်နဲ့ရှိနေမယ်ထင်တယ် ဖုန်းဆက်ခေါ်ရမလား"
"ညကြီးကို ဘာပြောစရာရှိလို့လဲ သမီးရယ် ... မနက်မှပြောလေ"
"သမီးအခုပြောချင်တာ အရေးကြီးတယ်ဆို"အန်တီမိလည်း အောက်ထပ်မှာနေသော စိမ်းမာမီအား ဖုန်းဆက်ခေါ်ပေးရလေတော့သည်။
စိမ်းမာမီမှာ အလန့်တကြားပြေးတက်လာကာ
"သမီးဘာဖြစ်လို့လဲ"
"သမီးအရေးတကြီးပြောစရာရှိလို့ သမီးဆေးတက္ကသိုလ်ကို ရန်ကုန်မှာပဲဆက်တက်တော့မယ်"
"ဘာလို့လဲ သမီးရဲ့ မာမီကဒီမှာအားလုံးစီစဉ်ထားတာကို"
"သမီးမှာချစ်သူရှိတယ် မာမီ"
"ဟင်"
ထိုစဉ် အန်တီမိမှ " သမီး ဘယ်တုန်းကရှိသွားတာလဲ ကျောင်းတက်တုန်းကတည်းကလား"
"သမီးချစ်သူကို အန်တီမိလည်း သိမှာပါ"
"သမီးချစ်သူက တီချယ်ထားပါ၊ သမီးက lesbian တစ်ယောက်ပါ"

أنت تقرأ
ချစ်ခြင်းအစ... မုန်းခြင်းက
عاطفيةAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...