'စိမ်း' မျက်နှာပျက်သွားသည်ကို 'ထား' သိလိုက်သည်။ ('ထား' သည် 'စ်ိမ်း' မျက်နှာအား အရိပ်တစ်ကြည့်ကြည့် အမြဲကြည့်နေတတ်သူ ဖြစ်သောကြောင့် မျက်နှာအနေအထား ခဏလေးပြောင်းယုံနဲ့ တန်းသ်ိသည် )
သူငယ်ချင်းများကြားတွင် ရှ်ိနေသော 'စိမ်း' အား 'ထား' ဘယ်လိုခေါ်ထုတ်ရမလဲ မသိပါ။ မျက်နှာပျက်စရာ အကြောင်းအရင်း မရှ်ိဘဲ ပျက်နေသဖြင့် 'ထား' မှာ ပိုစိတ်ပူလာသည်။
နောက်ဆုံးတွင် ဖုန်းဖြင့်သာ " သမီး အိမ်သာဘက် ခဏလာခဲ့ ချစ်ထားပြောစရာရှိတယ်" ဟု စာပို့လိုက်ပြီး သူမအရင် ထွက်သွားလေသည်။
'စိမ်း' လည်း စာဖတ်ပြီး ခဏအကြာ လိုက်သွားလေသည် .......
"ချစ်ထား ဘာဖြစ်လို့လဲဟင်" ဟုဆိုကာ မျက်လုံးအပြူးသားလေးဖြင့် မေးလိုက်သော 'စ််ိမ်း'
"အဲ့စကားကို ချစ်ထားက မေးရမှာ၊ ဘာတွေများ စိတ်ညစ်စရာရှိနေလို့ ရွှေမျက်နှာတော်က မကောင်းတာလဲ သမီး"
"ပြောရင်အရှည်ကြီးပဲ ... ညနေတွေ့ပြီးမှ ပြောမယ်နော်"
(အမှန်မှာ 'စိမ်း' သည် ဘယ်ကနေ ဘယ်လို စပြောရမလဲ မသိသဖြင့် အချိန်ဆွဲလိုက်ခြင်းဖြစ်သည်။ )ညနေတွေ့သော် ...............
"ကဲ .... သမီးလေး ပြောပါအုံး ဘာတွေများ အဆင်မပြေဖြစ်နေတာလဲ 'ထား' သမီးလေးက" ဟု ပါးလေးကို ပွတ်ပြီးမေးလိုက်လေသည်။"သမီး 'ထား' နဲ့ခဏ ခွဲရမယ် သိလား? မာမီရှိတဲ့ USA ကို အန်တီမိနဲ့ လိုက်သွားရမှာ ... တစ်လခွဲ နှစ်လလောက် ကြာမယ်နဲ့တူတယ်"
'ထား' မှာ မျက်နှာပျက်သွားသော်လည်း အမြန်ပြန်ပြင်လိုက်ပြီး ....
"အော် သမီးရယ် ... အလည်သွားတာပဲ ပြန်လာရင် တွေ့ရမှာပဲက်ို .... ကိုယ်မရောက်ဖူးတဲ့ နိုင်ငံကို သွားလည်ရမှာ ဘယ်လောက်ကောင်းလဲ"
"သမီးက ချစ်ထားနဲ့ သွားချင်တာ ၊ ပြီးရင် ချစ်ထားနဲ့
ဒီလောက်အကြာကြီး ခွဲဖူးတာမဟုတ်ဘူးလေ"
"ဒီလောက် အင်တာနက်ခေတ်ကြီးမှာ ညတိုင်းအွန်လိုင်းပေါ်မှာ တွေ့လို့ရတာပဲကို"
"ဟုတ်တာတော့ ဟုတ်ပါတယ်လေ" (မာမီကျောင်းတက်ခိုင်းတဲ့ ကိစ္စကိုတော့ မပြောမိချေ)

VOCÊ ESTÁ LENDO
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...