Part-7 (Uni)

5.6K 311 1
                                    

တစ်ရက်နဲ့တစ်ရက် အချိန်တွေမှာ ကုန်ဆုံးလာလေသည်။ တစ်နေ့ 'စိမ်း' တို့ သင်္ချာ ဆရာမ အချိန်အပြီး နောက်တစ်ချိန်သည် ကာယအချိန်ဖြစ်လေသည်။

သင်္ချာဆရာမက ကာယအချိန် စာဆက်သင်မည်ဖြစ်ကြောင်း ပြောနေသဖြင့် ကျောင်းသားများက ကာယပေးဖို့သာ အတင်းတောင်းဆို နေကြလေသည်။ 'စိမ်း' တို့လည်း တောင်းဆိုရင်း အသံကကျယ်မှန်းမသိ ကျယ်သွားလေသည်။ ထိုစဉ် 'ထား' ရောက်လာသောအခါ သင်္ချာဆရာမက ..........

"မထားရေ ၊ နောက်တစ်ချိန် ကာယအချိန်မို့လို့ စာဆက်သင်မလို့ဟာ ၊ မသင်ဘဲ ကာယပေးဖို့ တောင်းဆိုနေကြတာ ၊ 'စိမ်း' က အသံအကျယ်ဆုံးပဲ"

ထားလည်း 'စိမ်း' အား ပြုံးပြီးတစ်ချက်ကြည့်လိုက်ကာ "ပေးလိုက်ပါ ညီမရယ်၊ နောက်နေ့မှ ဆက်သင်လိုက်ပေါ့" ဟု ပြောလိုက်သဖြင့်

သင်္ချာဆရာမလည်း မျက်လုံးပြူးသွားပြီး "မထားဘယ်လိုတောင် ပြောင်းလဲသွားတာလဲ ၊ ကလေးတွေကို အလိုလိုက်လို့ပါလား"

ထား လည်း ပြုံးနေရင်း 'စိမ်း' ကို တစ်ချက်ကြည့်လိုက်သည် 'စိမ်း' ကလည်း 'ထား' ကို ကြည့်နေသဖြင့် နှစ်ယောက်သား အကြည့်ချင်းဆုံသွားကာ ရန်ခုန်သံများ မြန်နေကြတော့လေသည်။
(အရာအားလုံးက 'စိမ်း' ကြောင့် ဆိုတာ မည်သူမျှ မသိကြပေ)

ဆရာမတွေ ပါးစပ်ထဲမှာလည်း တစ်စိမ်းစိမ်းနှင့် ဖြစ်နေကြလေသည်။ အခြားဘာသာရပ်ဆရာမများသည်လည်း ထား နှင့် ဆုံတိုင်း "မထား အတန်းထဲက 'စိမ်း' ဆိုတဲ့ ကောင်မလေးက စာတော်တော်တော်တယ်နော် ချစ်ဖို့လည်းကောင်းတယ်" ဟု ပြောကြလေသည်။

တစ်ခါတစ်လေ ထားသည် စိမ်း တစ်ခြားဆရာမများနှင့် ရယ်ရယ်မောမော စကားပြောနေသည်ကိုတွေ့လျှင် မကြိုက်ပေ။ သူ့ထက် အခြားဆရာမများကို ချစ်သွားမှာ ခင်တွယ်သွားမှာကို ထား မလိုလားပေ။

ဒီလိုနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ရောက်ရှိလာရာ 'စိမ်း' သည် ရုပ်လည်းချော စာလည်းတော်တဲ့သူ ဖြစ်တာကြောင့် 'စိမ်း' မရောက်ခင်ကတည်းက ထိုင်ခုံမှာ လာထားတဲ့သူကထား၊ သူငယ်ချင်းများနှင့်တစ်ဆင့်ပေးခိုင်းသူကပေးခိုင်းနှင့် 'စိမ်း' ချောကလက်များ ရရှိလေသည်။

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now