Part - 23 (Uni)

4.8K 262 10
                                    

'ထား' ကျောင်းသွားဖို့ ပြင်နေစဉ် မိုက်ခနဲဖြစ်သွားပြီး မှန်တင်ခုံခြေရင်းလေးမှာ လဲကျသွားလေသည်။

'ထား' အခန်းထဲမှ တော်တော်နှင့်မထွက်လာသဖြင့် အခန်းထဲ ဝင်ကြည့်ကြရာ 'ထား' အား ဘယ်လိုမှ ခေါ်လို့မရတော့ သဖြင့် ဆေးရုံတင်လိုက်ကြရသည်။

ကိုယ်နှစ်နှစ်ကာကာ ချစ်ရတဲ့ တစ်စုံတစ်ယောက်က ဘေးတွေ့နေပြီဆိုရင် ကိုယ့်ရင်ထဲ ထိုသူနှင့် ပတ်သက်ပြီး လေးလာကြသည်မှာ အမှန်ပင်ဖြစ်သည်။

'စိမ်း' လည်း မနေနိုင်တော့ဘဲ "တစ်ကယ်လမ်းခွဲမှာပေါ့" ဟု စာလေးစပို့လိုက်သည်။ စာသည် sent သာပြပြီး deliver လည်းမပြ seen လည်း မပြသောကြောင့် 'စိမ်း' မှာ အံ့ဩနေလေသည်။ 'ထား' ဘာများဖြစ်နေလဲဟုဆိုပြီး ရင်ပူလာက 'ထား' ရဲ့ ဖုန်းနံပါတ်ကို တိုက်ရိုက်ဖုန်းဖြင့် ခေါ်လေသည်။

တီ..... တီ ဟုသာမြည်နေပြီး ဖုန်းမှာကိုင်မည့်သူ မရှိပေ။ 'စိမ်း' သည် 'ထား' ဖုန်းအား အခါတစ်ရာမက ခေါ်သော်လည်း မရသဖြင့် 'ထား' တစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်သည်။

တစ်ဖက်မှာ 'ထား' လည်း ဆေးရုံရောက်သော်လည်းသတ်ိမရသေးသော်ကြောင့် မိသားစုများစိတ်ပူနေရသည်။

'စိမ်း' လည်းဘယ်လိုမှ နေမရတော့သဖြင့် သူငယ်ချင်းဖြစ်သူ 'နန္ဒာ' အား ဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြီး 'ထား' အိမ်အားသွားခိုင်းလိုက်သည်။

'နန္ဒာ' လည်း 'ထား' တို့ခြံရှေ့ရောက်သော် ခြံစောင့်မှ ထွက်လာပြီး ...... " တူမကြီး ဘယ်သူနဲ့ တွေ့ချင်လို့လဲ"
"တီချယ် ဒေါ်ထိပ်ထားသူဇာ နဲ့တွေ့ချင်လို့ပါ အဘ"
"တူမကြီးထားက မနက်ကပဲ ဆေးရုံတင်လိုက်ရတယ်"
"ဟင် .... ဘယ်ဆေးရုံလည်း အဘ၊ သမီးကို နေရာလေး ပြောပေးနော်"
"အေး အဘ အိမ်ကကလေးမလေးကို သေချာသွားမေးပေးမယ်နော်"

'နန္ဒာ' လည်း 'ထား' ဆေးရုံတင်ထားရတဲ့ အကြောင်းကို " 'စိမ်း' ရေ တီချယ်ထား SSC မှာ ဆေးရုံတင်ထားရတယ်တဲ့"

'စိမ်း' မှာ ကြားကြားချင်း ရင်ဘတ်အောင့်သွားသလို ဖြစ်သွားပြီး "ဘယ်လိုဖြစ်တာလဲဟယ် ငါ့ကိုသေချာပြောပြပါအုံး"
"ငါလည်း သေချာမသိဘူးဟ ဘာလို့တင်ထားမှန်း ငါဆေးရုံကို သတင်းသွားမေးပေးချင်ပေမယ့် ငါကလည်း ခရီးသွားစရာကိစ္စ ရှိနေလို့ပါဟာ"
"အေးကျေးဇူးပါ သူငယ်ချင်းရယ် ရတဲ့အချိန်လေး တီချယ့်အိမ်သွားပေးတာပဲ ကျေးဇူးတင်ပါတယ်ဟာ"

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now