Part-6 (Uni)

7.1K 356 3
                                    

ကမ္ဘာအေးဘုရားတွင် အိန္ဒိယနိုင်ငံမှ ပင့်ဆောင်လာသော စိန်ဖူးတော်ဌာပနာရန် လူကြီးများသွားသော လမ်းတစ်လျှောက် ကျောင်းသားကျောင်းသူများကြိုရမည်ဖြစ်သဖြင့် ရွေးချယ်ရာ 'စိမ်း' နှင့် 'နန္ဒာ' တို့ ပါသွားကြလေသည်။

အစမ်းနေ့ မတိုင်ခင် ရီဟာဇယ်ကျင့်ရန် သွားကြရသည်။ လမ်းမဘေးတွင်ကျောင်းသူများက ရီဟာဇယ်ကျင့်နေရပြီး ဆရာမများက အရိပ်တွင်ကြည့်နေကြသည်။ 'စိမ်း' ရပ်နေသော နေရာသည် နေထိုးနေသဖြင့် 'စိမ်း' လည်း ခေါင်းကြီးငုံ့ပြီး လက်လေးဖြင့်ကာထားသည်။

'စိမ်း' နေပူနေတာကို မကြည့်ရက်သော 'ထား' သည် 'နန္ဒာ' ကို လှမ်းခေါ်လိုက်ကာ .........

"သမီးတို့ နေပူနေကြတယ်မလား ... ရော့ ... Tr မှာထီးပါတယ် ... Tr ထီးဆောင်းထားလိုက်"

ဤသို့ 'ထား'ဂရုစိုက်ခြင်းကို 'စိမ်း' သဘောကျမ်ိသည်။ 'စိမ်း'တို့လည်း 'ထား' ပေးလိုက်သော ထီးကို ဆောင်းလိုက်ရသဖြင့် နေပူဒဏ်သက်သာသွားကြလေသည်။

ရီဟာဇယ်အပြီး ခဏနားသော 'စိမ်း' တို့လည်း အရိပ်နားမှာ နေရာရ၍ ထီးခေါက်ကာ သွားထိုင်နေကြသည်။ 'စိမ်း' တို့အခန်းထဲမှ တစ်ချို့ကောင်မလေးများ
နားနေသော နေရာသည် နေနည်းနည်းထိုး၍ ထိုကောင်မလေးများသည် 'နန္ဒာ' ဆီမှ ထီးငှါး၍ 'နန္ဒာ' လည်း ငှါးလ်ိုက်လေသည်။

'ထား' သည် ဟိုဘက်ခဏသွားကြည့်ပြီး 'စိမ်း' တို့ရှိရာဘက် ပြန်ရောက်သောအခါ 'စိမ်း' ကို လိုက်ရှာနေတော့သည်။ 'စိမ်း' အရိပ်အောက်မှာ နားနေတာကိုတွေ့တော့မှ ပြုံးလိုက်ပြီး မျက်နှာအလွှဲ သူမထီးအား တစ်ခြားကလေးမများ ဆောင်းထားသည်ကို တွေ့သောအခါ ချက်ချင်းပင်သွား၍ "နင်တို့ဆောင်းမယ်ဆို ငါ့ထီးပြန်ပေးတော့" ဟု ဆိုကာ ထီးကိုပြန်တောင်းသွားလေတော့သည်။ ('ထား' မှာ အပျ်ိူကြီးပီပီ ကပ်စေးနဲပြီး သူ့ပစ္စည်း ပျက်စီးမှာ မတရားကြောက်သည်)

'ထား' ၏ စိတ်ထဲတွင်လည်း "ငါ့သမီးနေပူနေမှာစိုးလို့ ပေးဆောင်းတာကို သူတို့က ယူဆောင်းနေတယ်" ဟု တွေးနေလေသည်။

'ထား' ၏ အပြုအမူသည် ဆရာမတစ်ယောက်အနေဖြင့် တပည့်များအား တူတူဆက်ဆံသင့်သည်ကိုပင်မေ့၍ သူမ၏ 'စိမ်း' တစ်ယောက်ထဲကိုသာ ခေါင်းထဲထည့်နေမိတော့သည်။

ချစ်ခြင်းအစ... မုန်းခြင်းက Tempat cerita menjadi hidup. Temukan sekarang