Part-3 (Uni)

6.9K 409 3
                                    

တစ်နေ့တွင် 'စိမ်း' တို့ row မှ ကျောင်းသူများ အားလုံးထက ကျက်ခိုင်းထားသော စာများကိုဆိုရလေသည်။

'စိမ်း' ၏ နောက်တည့်တည့်တွင် ရှိသော ကျောင်းသူသစ်မှာ စာကိုအများနှင့် မဆိုဘဲအမြန်ဆိုနေလေသည်။

ထိုကောင်မလေး၏ အသံကို 'စိမ်း' သည် အာရုံရောက်နေပြီး စာကောင်းကောင်းလိုက်မဆိုနိုင်ပေ။

ဤသည်က်ို 'ဒေါ်ထိပ်ထားသူဇာ' ကမြင်ပြီး 'စိမ်း' အား စာမရဘူးဟုထင်ကာ သေချာကြည့်နေလေသည်။

'စိမ်း' နဲ့ 'နန္ဒာ' နှစ်ယောက်သည် ဒုတိယမြောက် အတန်းတွင် ထိုင်သောကြောင့် ဆရာမက ရှင်းရှင်းလင်းလင်း မြင်နေရသည်။ 

အားလုံးစာဆိုပြီးသော 'ဒေါ်ထိပ်ထားသူဇာ' က

"စိမ်း စာမရဘူးလား ... စာတွေက်ို လိုက်ဝါးချနေတာလားလို့ မေးလေတော့သည်။  တစ်ယောက်တည်း ငါ့ကို ထပ်ဆိုပြစမ်း" ဟု ဆိုလေသည်။

'စိမ်း' လည်း စိတ်ကထောင်းခနဲ့ တိုသွားပြီး သူ့ကိုယ်သူ "စိတ်အေးအေးထားစမ်းဟုဆိုကာ .... စာများကို အထစ်အငေါ့မရှိ ဆိုနေစဉ်"

"ရပြီ ... ရပ်တော့" ဟု 'ဒေါ်ထိပ်ထား' မှ ဆိုလိုက်လေသည်။

'စိမ်း' လည်း ဘာမှမပြောဘဲ ထိုင်ချလိုက်ပြီး
"ပြီးအောင်လည်း မဆိုခိုင်းဘူး၊ အမျိုးမျိုးနဲ့
သူ့စိတ်ကြိုက်အတိုင်း လူကိုလုပ်နေတော့တာပဲ" ဟု စိတ်ထဲ၌ တွေးနေလေသည်။

'စိမ်း' သည် အခြားဘာသာရပ်ပြ ဆရာမများနှင့်အတော်ပင် ရင်နှီးနေသည်။

ထိုဆရာမများထဲမှ 'ဒေါ်အေးအေးအောင်' ဟူသော မြန်မာစာဆရာမသည် 'စိမ်း' နှင့် ဖယ်ရီတူတူဖြစ်သည်။ 'စိမ်း' သူငယ်တန်းထဲက အခုထိ ထိုဖယ်ရီကိုသာ စီးခြင်းကြောင့် 'စိမ်း' သည် 'ဒေါ်အေးအေးအောင်' ၏ မျက်စိအောက်တွင် ကြီးလာသော ကလေးဖြစ်သည့်အပြင် 'စိမ်း' တို့ အိမ်အကြောင်းကိုလည်း သိသည်။

တစ်နေ့  မြန်မာစာအချိန်တွင် တီချယ်အေးသည် ကျောင်းသားများအား စာရေးခိုင်းထားစဉ် မနက်ဖယ်ရီပေါ်မှ ဖြစ်ခဲ့သော ရီစရာတစ်ခုအား စိမ်း နဲ့ပြန်ပြောနေပြီး နှစ်ဦးသား ရယ်မောနေကြသည်။

ထိုမြင်ကွင်းကို ကောရိတ်တာမှ ဖြတ်လျှောက်သွားသော 'ဒေါ်ထိပ်ထားသူဇာ' သည် 'စိမ်း' ရဲ့ ရယ်မောနေသော မျက်နှာလေးကိုကြည့်ပြီး .....

"ရယ်ရင် တော်တော်ချစ်ဖို့ကောင်းတဲ့ ကလေးမလေးပဲ၊ ငါစာသင်နေရင်တော့ ဆူပုတ်ပုတ် မျက်နှာလေးနဲ့ ကလေးမလေး ၊ ငါ့ကိုကျ ဆရာမ ဆိုပြီးလည်း တစ်ခါမှ စကားတောင်မပြောဖူးတဲ့အပြင် တစ်ခါလေးတောင် မပြုံးပြဖူးဘူး ၊ ရှင်လေးဟာ ဘယ်လိုကလေးမလေးလဲ" ဟုဆိုပြီး တွေးနေမိလေသည် ......
........................................................................

အပိုင်း (၄) မျှော်

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now