Part-25 (Uni)

5.7K 262 5
                                    

'ထား' လည်း ဗူးလေးထုတ်လိုက်ပြီး 'စိမ်း' အတွက် ဝယ်ထားသော foot chain လေးအား 'စိမ်း' ခြေထောက်လေးမှာ ကိုယ်တိုင်ဝတ်ပေးလိုက်လေသည်။

"ဒါ သမီးအတွက် ချစ်ထားကိုယ်တိုင်ရွေးထားတဲ့ မွေးနေ့လက်ဆောင်လေး .... သမီးခြေထောက်မှာ အမြဲဝတ်ထားရမယ်နော်"
"လှလိုက်တာ ချစ်ထားရယ် .... သမီးအရမ်းကြိုက်တာပဲ....."

"ဒါနဲ့လေ ချစ်ထား သမီးတို့ နောက်လထဲ
လက်ထပ်ကြမလားဟင်"
"သမီးကျောင်းပြီးမှ လက်ထပ်မယ်လို့"
"ဟာ ချစ်ထားကလည်း ဆေးကျောင်း ၇ နှစ်ပြီးတဲ့အထိ မစောင့်နိုင်ပါဘူး"
"စတာပါကွာ .... သမီး မာမီ အန်တီတွေနဲ့ကော တိုင်ပင်အုံးလေ"

"သူတို့ကို အသိတော့ပေးလိုက်မယ် ချစ်ထား၊ သမီးတို့ လက်ထပ်ပြီးရင် အိမ်ခွဲနေရအောင် ၊ သမီးစဉ်းစားထားတာလေ သမီးတို့ဒီကြားထဲ အိမ်ငှါးနေကြပြီး သမီးက guide လိုက်လုပ်ပြီး ဆေးကျောင်းတက်ရင်း ပိုက်ဆံရှာမလားလို့ ပြီးမှ သမီးတို့နှစ်ယောက် ပိုက်ဆံစုပြီး အိမ်တစ်လုံးဝယ်ကြတာပေါ့"

"အမယ်လေး သမီးရယ် ချစ်ထားက သမီးလေးကို အဲ့လိုထားမလား မိဘလက်ထဲမှာထားသလိုပဲ သေချာထားမှာပေါ့ ..... ချစ်ထားမှာရှာထားတဲ့ ပိုက်ဆံတွေ အများကြီးရှိပါတယ် ..... ချစ်ထားမှာရှိတဲ့ပိုက်ဆံနဲ့ ကွန်ဒိုတစ်ခန်းဝယ်လိုက်မယ်လေ .... သမီးကဘာအလုပ်မှလုပ်စရာမလိုဘူး ... ဆရာဝန်မကြီးဖြစ်မှ ချစ်ထားကို ပြန်ရှာကျွေးလေနော်"

"ချစ်ထားမှာ တစ်သက်စားမကုန်တဲ့ပိုက်ဆံတွေ ရှိမှန်းသိပါတယ်ကွာ ... သမီးကချစ်ထားပိုက်ဆံတွေကို ကုန်အောင်လုပ်သလို ဖြစ််မှာစိုးလို့ပါ"
"ချစ်ထားပိုင်ဆိုင်သမျှ အားလုံးဟာ သမီးလေးအတွက်ပဲ ဟုတ်ပြီလား"

"သမီးတို့နှစ်ယောက်ထဲ နေမှာဆိုတော့ ကွန်ဒ်ိုတစ်လုံးဝယ်လိုက်ရင် အဆင်ပြေပါတယ်.... ကွန်ဒ်ိုအရင်ရှာကြမယ်လေ ချစ်ထား ပြီးရင် သမီးတို့ မင်္ဂလာပွဲလေးလည်းလုပ်ရင်ကောင်းမလားလို့"

'ထား' က 'စိမ်း' တစ်ခုပြီးတစ်ခုပြောနေတဲ့ ပုံလေးက်ို ပြုံးပြီးကြည့်ရင်း " အရာအားလုံး သမီးလေး စိတ်တိုင်းကျ ဖြစ်စေရမယ် ဟုတ်ပြီလား"

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now