'စိမ်း' အ်ိပ်ရာကနိုးသည်နှင့် 'ထား' အား ဖုန်းခေါ်လိုက်ရာ ..........
ဒေါသအသံဖြင့် " နင် ငါ့ကို ဖုန်းခေါ်တာကို စောင့်နေတာ။ ရှင်းစမ်းပါအုံး လိုင်းပေါ်မှာ တင်ထားတဲ့ဓာတ်ပုံထဲက ကောင်လေးအကြောင်း ဟိုရောက်တာမှ မကြာသေးဘူး အချစ်အသစ် တန်းတွေ့တာပဲနော်"
'စိမ်း' လည်း အစတော့ကြောင်သွားပြီး နောက်မှ " အာ... ချစ်ထားကလည်း ဘာတွေပြောနေတာလဲ? အဲ့ဒါ သမီးအကိုလို ခင်ရတဲ့ ကိုဥာဏ်... အန်ကယ့်တူအရင်းခေါက်ခေါက် .... သမီးတို့က မောင်နှမတွေလိုခင်တာပါ"
'ထား' မှာလည်း ဒေါသမလျှော့ကာ " မောင်နှမတွေလို ခင်တာကလည်း ခါးဖက် ပုခုံးဖက်နဲ့ သမီးရည်းစားကျနေတာပဲ.... အနေနီးရင် သာယာပြီး ချစ်တတ်တဲ့ နင့်အကျင့်ကို ငါသိနေလို့ မယုံဘူးနော်"
'စိမ်း' လည်း သူမအား မတရားစွပ်စွဲနေသဖြင့် ပေါက်ကွဲတော့လေသည်။
"ဒီမှာ .... အရမ်းလွန်နေပြီနော် .... lesbian တစ်ယောက်ကို ဘာလို့တွေ့ကရာလူနဲ့ သမုတ်နေတာလဲဟင်? အဲ့လောက်ထိ အောက်တန်းကျတဲ့ လုပ်ရပ်ကို ကျွန်မမလုပ်ဘူး၊ လူကိုဘယ်လောက် အထင်အမြင်သေးပြီး မယုံကြည်လဲဆိုတာ အခုမှပဲ သေချာသိတော့တယ်"
"ရှင် ပြောတဲ့ပုံက ကျွန်မက တွေ့တဲ့လူ ဘယ်သူနဲ့ မဆိုပလူနေတဲ့ပုံဖြစ်နေတယ် ၊ အနေနီးရင် သာယာပြီး ချစ်တတ်တဲ့ထဲမှာ ကျွန်မမပါဘူး၊ ကျွန်မကို မယုံကြည်ရင် မချစ်နဲ့"'ထား' လည်း နည်းနည်းမှ မလျှော့ဘဲ " ဪ .... ဘေးနားမှာ အားကိုးရှိတော့ ဒီစကားပြောနိုင်ပြီပေါ့နော်။ နင်သာရိုးသားရင် အစကတည်းက အဲ့ကောင်လေး အကြောင်းပြောပြထားလေ။ မရိုးသားလို့ မပြောပြထားတာ မဟုတ်ဘူးလား"
'စိမ်း' လည်း စကားဖြတ်ပြောလေသည် " အေး... အဲ့လ်ိုတွေ ရစ်ခံရမှာစိုးလို့ တစ်မင်သက်သက် မပြောတာ မရိုးသားလို့မဟုတ်ဘူး
(အမှန်ဆို 'စိမ်း' မှာ ကိုဥာဏ်ပုံတွဲတင်တာကို 'ထား' မြင်ရင် ရှင်းရမှာစိုး၍ Add to timeline တောင်မလုပ်ထားပေ.. 'ထား' က comment မှတစ်ဆင့် ကိုဥာဏ် wall ထဲ ဝင်ကြည့်မှသာ မြင်ရခြင်းဖြစ်သည်)"အခုတော့ ရစ်ခံရတာ စိတ်ပျက်နေပြီပေါ့ .... အပြောင်းအလဲများ မြန်ချက် .... လူကြီးကိုလည်း ရှင်ရယ် ကျွန်မရယ်နဲ့ စိတ်ပျက်စရာကောင်းလိုက်တာ" ဟု ခနဲ့တဲ့တဲ့ ပြောလိုက်လေသည်။

ESTÁS LEYENDO
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...