Part-9 (Uni)

5.3K 300 4
                                    

'ထား' တစ်ယောက် 'စိမ်း' အိမ်သ်ို့ ပထမဦးဆုံး စာသွားသင်ရမည် ဖြစ်သဖြင့် 'စိမ်း' တို့ အိမ်မှ လာခေါ်မည့် ကားစောင့်ရင်း ရင်ခုန်နေမိသည်။

ခြံထဲသို့ ကားဝင်သွားသည်နှင့် ပြေးထွက်လာသော 'စိမ်း' လေး 'ထား' ကို တွေ့သည်နှင့် မျက်ခုံးလေးကွေးအောင်ရယ်ပြပြီး လာကြိုသော 'စိမ်း' လေး
'စ်ိမ်း' မျက်နှာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရင်ထဲအေးသွားသော 'ထား' 

" Tr လာနော်" ဟု အိမ်ထဲခေါ်လိုက်ပြီး "သမီးအခန်းက အပေါ်မှာ Tr ရဲ့၊ သမီး အဒေါ်တွေကတော့ သူတို့ဆိုင်မှာ Tr ညနေမှ ပြန်လာကြတာ၊ အိမ်မှာ သမီးရယ်၊ ဟင်းချက်ပေးတဲ့ အန်တီရယ် ကူဖော်လောင်ဖက် အမနှစ်ယောက်ရယ် ပဲရှိတာ"

'စိမ်း' တို့ အိမ်လေးသည် ကျယ်သော်လည်း အထီးကျန်ဆန်လှသည်။

'စိမ်း' အခန်းထဲ ဝင်လိုက်တာနှင့် 'ထား' နွေးထွေးသွားသည်ဟု ခံစားရသည်။ ကိုယ်ချစ်တဲ့သမီးလေး နေတဲ့အခန်းလေး မို့လိုလားမသိ!
"သမီးအခန်းလေးက ချစ်စရာလေးနော် နေချင်စရာလေး" ဟုပြောရင်း 'စ်ိမ်း' ဓာတ်ပုံများ တင်ထားသော စင်လေးနားအားသွားကာ ဓာတ်ပုံများကို ကြည့်နေလေသည်။

'စိမ်း' ၏ ငယ်ဓာတ်ပုံများအား ကြည့်၍ "သမီးလေးက ငယ်ငယ်ကတည်းက ချစ်ဖို့ကောင်းတယ်နော်၊ အသည်းယားစရာလေး" 

"ဟုတ်လို့လား Tr ရယ်၊ သမီးက ချစ်ဖို့မကောင်းလို့ သမီး မိဘတွေက သမီးကို ထားသွားကြတာလားမှမသိတာ"  ညှိုးငယ်သော မျက်နှာလေးနဲ့  ပြန်၍ပြောသော 'စိမ်း'

"မဟုတ်ပါဘူး သမီးရယ် ... Tr သမီးလေးက ဒီလောက်ချစ်ဖို့ကောင်းတာ၊ လူကြီးတွေက သူတို့အကြောင်းနဲ့သူတို့ ရှိလို့နေမှာပါ သမီးလေးရယ်" 'စိမ်း' ရဲ့ မျက်နှာလေးကို ကိုင်ပြီးပြောလိုက်သော'ထား'

"ကဲ.... ကဲ Tr တို့ စာစသင်ကြရအောင်နော် ... စာအုပ်ဖွင့် သမီးလေး"

'ထား' 'စိမ်း' ပြောလိုက်သော စကားကြောင့် လွန်စွာ စိတ်မကောင်းဖြစ်မိသည်။ သမီးလေး ပိုအားငယ်သွားမည်စိုး၍ ဟန်ဆောင်လိုက်သော်လည်း ရင်ထဲမှာတော့ မကောင်းလှပင်။ 'စိမ်း'ကို စတွေ့ကတည်းက သူ သိမ်ငယ်နေတာ၊ စိတ်မကောင်းဖြစ်နေတာ တစ်ခါမှ မတွေ့ဘူးသော 'ထား' အတွက်တော့ ခေါင်းထဲ ပထမဦးဆုံး ဝင်လာသော အတွေးသည် "ငါ... သမီးလေးကို အခုထက်ပို၍ ဂရုစိုက်ပေးရမယ်" ဆိုတဲ့ အတွေး....
—————————————————————
'ထား' သည် စာလာသင်တဲ့နေ့တိုင်း 'စိမ်း' ကြိုက်မယ်ထင်သော မုန့်များအား အမြဲဝယ်လာတတ်သည်။

စာဆိုပြီး စာဖြေနေစဉ် အမြဲဘေးကနေ ဝယ်လာသောမုန့်လေးများကို ခွံ့ကျွေးတတ်သည်။
" သမီး နောက်နေ့ကော ဘာမုန့်လေးတွေ စားချင်လဲ? Tr ဘာဝယ်လာခဲ့ရမလဲ"

" Tr ကျွေးတာအကုန်ကြိုက်တယ် သမီးက ၊ ဒါမယ့် Tr ကိုယ်တိုင်လုပ်ကျွေးတဲ့ လက်ရာတစ်ခုခုတော့ စားချင်တယ် ... ဟီး...."

"အေးပါ... နောက်နေ့အားရင် လုပ်ခဲ့မယ်နော်"

'ထား' သည် 'စိမ်း' စာဖြေနေစဉ်ဆို ဆံပင်လေးများ ကျနေရင်လည်း ကလစ်လေးထိုးပေးလိုက် အစစအရာရာ အရိပ်တကြည့်ကြည့် ဂရုစိုက်လေသည်။

ထိုဂရုစိုက်မှုများကြောင့် 'စိမ်း' တစ်ယောက် 'ထား' အား ပိုအချစ်ပိုလာကာ 'ထား' ဆီမှ ၅၂၈ ထက် ကျော်လွန်သော ချစ်ခြင်းမေတ္တာများကို ပိုပိုပြီး လိုချင်လာမိသည်။
———————————————————
အပိုင်း(၁၀)မျှော် .......

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now