'စိမ်း' လည်း
"ပုံကြည့်ကတည်းက အပေါက်ဆိုးမယ့်ပုံပဲ" ဟု ပြန်ပြောနေလေည်။
ဒီလိုနဲ့ ဘာသာရပ်ဆရာမများ တစ်ချိန်ပြီးတစ်ချိန်ဝင်ပြီး ကျောင်းစတက်တဲ့ နေ့လေးကုန်ဆုံးခဲ့သည်။'စိမ်း' သည် ဇီဝဗေဒ သာ ယူထားသည်။ ပုံကောင်းကောင်း မဆွဲတတ်ပေ။ အတန်းပိုင် ပေးလိုက်သော ပုံဆွဲရန် အိမ်စာကို သူငယ်ချင်းဖြစ်သူ 'နန္ဒာ' အား ကျောင်းရောက်မှ ဆွဲခိုင်းမည် ဟု တွေးနေတော့သည်။
နောက်တစ်နေ့ 'နန္ဒာ' သည် ဖယ်ရီနောက်ကျ၍ ကျောင်းတက်ခါနီးမှ ကျောင်းသို့ရောက်လာတော့သည်။ ထိုအခါ 'စိမ်း' လည်း ...." ဟဲ့ ... 'နန္ဒာ' ငါ့ကို မနေ့က ဆရာမ အိမ်စာပေးလိုက်တဲ့ ပုံလေးဆွဲပေးပါအုံး ၊ ငါမဆွဲတတ်လို့ဟ"
"ဟာ... အဲ့ဒါမှ သွားတာပဲ ... ငါလည်းဖတ်စာအုပ်ကျန်ခဲ့လို့ အခုမှ ဆွဲရမှာဟ ... ငါ့ပုံကော ... နင့်ပုံကော ငါဆွဲပေးပါ့မယ် စိတ်မပူနဲ့နော် သူငယ်ချင်း" ဟု နန္ဒာ ပြောလိုက်မှ 'စိမ်း' ပြုံးသွားလေတော့သည်။
('စိမ်း' သည် ပြုံးလိုက်လျှင် တစ်ကယ်ချစ်ဖို့ကောင်းတယ်။ 'စိမ်း' သည် အရပ်ရှည်ရှည် ဖြူဖြူပိန်ပိန်လေးဆိုပေမယ့် ... ခန္ဓာကိုယ်လှသော ကောင်မလေးဖြစ်သည်။ သူ့မျက်နှာလေးက ပြုံးထားလျှင် ပိုစွဲမက်စရာကောင်းလှသည်။ )နန္ဒာ ဖြစ်သူလည်း သူ့စာအုပ်မှာဆွဲလိုက် စိမ်းစာအုပ်မှာဆွဲပေးလိုက်နဲ့ ဗျာများပြီး ဟိုမပြီးဒီမပြီးဖြစ်ကာ ၂ ယောက်လုံးအား ဒေါ်ထိပ်ထားသူဇာ ၏ အရိုက်ကိုခံရလေသည်။
'ဖြောင်း' ဟုဆိုသော အသံနှင့်အတူ 'စိမ်း' ရဲ့ ဘယ်ဘက်လက်ဖဝါးလေးမှာ အလွန်ပင်နာက ပူထူသွားလေတော့သည်။ ငယ်ငယ်ကတည်းက အတန်းထဲ၌ အဆင့် 1 to 10 အမြဲဝင်ခဲ့သော 'စိမ်း' သည် အခုမှ ပထမဆုံး အရိုက်ခံရဖူးခြင်းဖြစ်သည်၊ ထို့နောက် ကျောင်းသားသစ်များသည် သူမအား စာညံ့တဲ့ကောင်မလေး လို့ ထင်သွားမှာကိုလည်း စိုးရိမ်မိသည်။
'စိမ်း' သည် အစကတည်းကမှ ဆရာမ 'ထိပ်ထားသူဇာ' က််ို မကြည့်တတ်ရာမှ မုန်းသွားသော အခြေအနေသို့ရောက်ရှိသွားတော့သည်။ စိတ်ထဲ၌လည်း ....
" ဆရာမဖြစ်ပြီး ကျောင်းသူတစ်ယောက်ကို ညှာညှာတာတာမရိုက်ဘူး ... သူရိုက်တာအရမ်းနာတာပဲ၊ ငါ့လက်ဖဝါးမှာ အရာလေးတောင်ထင်ကျန်ခဲ့တယ်" ဆိုပြီး ပွစ်ိပွစိပြောပြီး ဆူပုတ်ပုတ်ဖြင့် ခေါင်းလုံးဝမထောင်ဘဲ စာအုပ်ကိုဘဲကြည့်ကာ ဒေါ်ထိပ်ထားသူဇာ စာရှင်းပြနေသည်ကို နားထောင်နေတော့သည်။ဒေါ်ထိပ်ထားသူဇာကလည်း .....
"ဒီကလေးမလေးက စိတ်ဆိုးသွားတာလားမသိဘူး၊ ခေါင်းတောင်မဖော်တော့ဘူးဟ" ဟု စိတ်ထဲ၌ တွေးနေတော့သည်။ ဒေါ်ထိပ်ထားသည် ကျောင်းစတက်တဲ့နေ့ကတည်းက 'စိမ်း' ကို သတိထားမိသည်။ တစ်ခြားကျောင်းသူများက သူမအား " တီချယ် ဘာကူလုပ်
ပေးရမလဲ ... ခိုင်းစရာရှိပြောနော်" ဟုဖြစ်နေချိန် သူမသည် ဆရာမအားတစ်ချက်မကြည့် တစ်ချက်မပြုံးပြခဲ့သူဖြစ်သည်။'စိမ်း' သည် ငယ်ငယ်ကတည်းက တစ်ဦးတည်းသောသမီး family broken ဖြစ်နေ၍ အဒေါ်တွေလက်ထဲမှာကြီးပြင်းခဲ့ရပြီး အဒေါ်တွေရဲ့ ဖူးဖူးမှုတ်ချစ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ အမေက U.S.A မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး သမီးလေးလိုချင်သမျှကို အဝေးကဖြည့်ဆည်းပေးရှာသည်။ စိမ်းသည် ပတ်ဝန်းကျင်က ဝိုင်းအလိုလိုက်ခံရသော ကလေးဖြစ်သဖြင့် လူမှုဆက်ဆံရေးလည်းမကောင်းလှပေ။ သူစိတ်ထဲမှာ အမြင်မကြည်ရင် အပြင်မှာ အခေါ်အပြောမလုပ်သည့်အပြင် ထိုသူ၏ရှေ့တွင် တစ်စက်ကလေးမှတောင် မပြုံးတတ်ပေ။ ဒေါ်ထိပ်ထားသူဇာကိုလည်း ဆရာမတစ်ယောက်ဆိုတာမေ့ပြီး သူမ၏ ပုံစံအတိုင်းဆက်ဆံနေ၏။
.................
အပိုင်း(၃) မျှော်
YOU ARE READING
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...