Part - 4 (Uni)

6.8K 375 0
                                    

ဆရာများ နားနေခန်းသို့ ဝင်လာသော 'ဒေါ်အေးအေးအောင်' အား 'ထား' မှ ...........

"အေးရေ ... မထားတို့ အခန်းထဲက 'စိိမ်း' ဆိုတဲ့ ကောင်မလေးနဲ့ 'အေး' သိတာလား? စကားတွေ ရယ်ရယ်မောမော ပြောနေကြတာတွေ့မိလို့လေ၊ ကိုယ်နဲ့တောင် အဲ့ကလေးမက စကားတစ်ခါမှ မပြောဖူးလို့ မေးကြည့်တာ"

"ဟုတ်တယ် 'မထား' ရေ .... အေးနဲ့ 'စိမ်းလေး' နဲ့က ဖယ်ရီတစ်စီးထဲလေ။ စိမ်းကျောင်းစတက်ထဲက အေးနဲ့ ဖယ်ရီတူတာဆိုတော့ အေး မျက်စိရှေ့မှာတင် စိမ်းလေးက ကြီးလာသလိုဖြစ်နေတာ၊ စိမ်းက ချစ်ဖို့ကောင်းသလို ၊ သနားဖို့လည်းကောင်းတယ်"

ထိုစဉ် ထားက ချက်ချင်းပင် စကားဖြတ်ကာ

"ဟင် .... ဘာဖြစ်လို့လဲ 'အေး'ရဲ့

"စိမ်းလေးက ငယ်ငယ်ကတည်းက မိတစ်ကွဲ၊ဖတစ်ကွဲ
နဲ့ အဒေါ်တွေ လက်ထဲမှာပဲ ကြီးပြင်းခဲ့ရတာ၊
မိဘမေတ္တာငတ်ရှာပါတယ် ကလေးမလေးက၊ စာလေးကတော့ တော်ရှာပါတယ် ၊ နှစ်တိုင်းဆုရတယ်"

ထိုစကားများကိုကြားပြီးသောအခါ ထားသည် " စာတော်တဲ့ကလေးမလေး တဲ့လား ၊ ငါက သူ့ကို စာမလုပ်မှာစိုးလို့ စိတ်ပူနေတာ၊ သူ့အကြောင်းလေးကြားရတော့လည်း စိတ်မကောင်းဖြစ်မိသား"

ထိုနေ့မှစ၍ ထားသည် စိမ်းရဲ့ လှုပ်ရှားမှုတိုင်းကို အကဲခတ်နေသည်။ တစ်ခါတစ်ရံ ဘာသာရပ်ဆရာမများ သင်နေချိန်တွင်လည်း နောက်ပြတင်းပေါက်မှနေ၍
ကြည့်နေတတ်သည်။

တစ်နေ့ စိမ်း ကျောင်းလာချိန်တွင် ထား နဲ့ မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့သော်လည်း မနှုတ်ဆက်ဘဲ မသိချင်ယောင်ဆောင်သွားလေသည်။

ထား စိတ်ထဲတစ်မျိုးဖြစ်သွားသော်လည်း ကလေးပဲ ရှိပါစေတော့ဆိုပြီး မသိချင်ယောင်ဆောင်လိုက်လေသည်။ ထိုနေ့နေ့ခင်းတွင်လည်း စိမ်းနှင့်နန္ဒာသည် အိမ်သာမှ ပြန်လာချိန်တွင် ထားနှင့်မျက်နှာချင်းဆိုင်
ထပ်တွေ့ပြန်သည်။ နန္ဒာက ခေါင်းလေးငုံ့ လက်အုပ်လေးချီပြီး "မင်္ဂလာပါ ဆရာမ"ဟု နှုတ်ဆက်သော်လည်း စိမ်းမှာမူ မနှုတ်ဆက်ဘဲ မှင်သေသေနဲ့ ကြည့်နေလေသည်။

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now