"ချစ်ထား မနက်ဖြန်ညဆို အောင်စာရင်းတွေ ထွက်တော့မယ်နော်။ အဲ့နေ့ သမီးတို့ကျောင်းမှာကပ်မှာမလား။ သမီးအဲ့နေ့ညသွားကြည့်မလားလို့"
"မကြည့်ပါနဲ့ သမီးရယ် လူတွေတိုးရ ဝှေ့ရမှာ၊ ချစ်ထားတို့လက်ထဲ စာရွက်ရတာနဲ့ ဖုန်းလှမ်းဆက်မယ် ၊ ညနေ၆နာရီလောက်ဆို သိရလောက်တယ်၊ ကိုယ့်ဟာကိုယ် အေးဆေးအိပ်နေ"
"မရပါဘူး သမီးသူငယ်ချင်းတွေနဲ့ သွားကြည့်ချင်တာ ဘဝမှာတစ်ခါပဲရမယ့် အမှတ်တရကို သွားကြည့်ချင်တာပေါ့"
"အေးအေး သွားကြည့် ငါလည်းဖုန်းဆက်မပြောတော့ဘူး၊ နင့်ဟာနင် လူပဲပိပိ ငါနဲ့မဆိုင်ဘူး" ဆိုကာ ဖုန်းချသွားလေသည်။"ဘာလဲဟ.... နားလည်မှုမရှိလိုက်တာ ... နင်ရယ်ငါရယ်တောင် ပြောသွားသေးတာ သူက ..ငါ့အလွန်ဘာမှမရှိဘူး ငါဘာမှဖုန်းထပ်ဆက်စရာမလိုဘူး" ဟုဆိုရင်း စောင်ဆွဲယူကာ ခြုံလိုက်ပြီး အိပ်ပျော်သွားလေသည်။
တစ်ဖက်က 'ထား' မှာတော့ အတွေးကမ္ဘာထဲတွင် ချာချာလည်ကာ ... "ငါပြောလိုက်တာ လွန်သွားတာလား၊ ငါကသူ့ကိုစိတ်ပူလို့ပြောတာကို၊ ငါ့စေတနာကိုတော့ နားလည်သင့်တာပေါ့" ဟိုဖက်လှည့် ဒီဖက်လှည့်နဲ့ အိပ်မရချေ။
မနက်မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားပြီး ဖုန်းမြည်သံကြောင့် နိုးသွားကာ " သမီးလေးဆီက များလားမသိ" ဟု ဆိုကာ ဖုန်းကိုကြည့်လိုက်တော့ ကျောင်းကဆက်တာဖြစ်နေသည်။ "ငါလည်းရူးချက်၊ သူကအခုချိန်အိပ်နေတုန်းဟာကို" ...... အမြဲပို့နေကျ good morning စာကိုတော့ မပို့ဖြစ်ခဲ့
'စိမ်း' လည်း ဖုန်းလုံးဝစမဆက်။ သူငယ်ချင်းတွေနဲ့ ညဘက်အောင်စာရင်း တူတူသွားကြည့်ဖို့သာ တိုင်ပင်နေလေသည်။
'ထား' သို့ လက်ထဲအောင်စာရင်း စာရွက်တွေ ကပ်ဖို့ရောက်လာတဲ့အချိန်မှာ 'စိမ်း'၏ ခုံနံပါတ်အား စိတ်လှုပ်ရှားစွာဖြင့် အသည်းအသန်ရှာဖွေနေသော 'ထား' ခုံနံပါတ်တွေ့ချိန်မှာ မျက်လုံးလေးအပြူးသားဖြင့် စ်ိမ်း နှင့် စကားများထားတာကိုပင်မေ့ပြီး သူမ၏ ဖုန်း contact ထဲတွင် မှတ်ထားသော 'ချစ်စိမ်း' ဟူသော နာမည်လေးအားနှိပ်လိုက်လေသည်။
'စိမ်း' လည်း 'ထား' ဆီမှဖုန်းဝင်လာသဖြင့် သိလိုက်ပြီး ရင်တုန်နေသော အသံလေးဖြင့် "ချစ်ထား 'စိမ်း' ဂုဏ်ထူးဘယ်နှစ်ခုပါလဲဟင်"
"သမီးရေ ... သမီး ဂုဏ်ထူး ၆ ဘာသာနဲ့ အောင်တယ် သမီးရေ .... ချစ်ထား ဝမ်းသာလိုက်တာကွယ်"
"ရေးးးးး.... ပျော်လိုက်တာကွာ ချစ်ထားသာ ဘေးနားမှာရှိရင် သမီးပြေးဖက်လိုက်ပြီ"
"သမီး သမီး အန်တီတို့ကို သွားပြောလိုက်အုံး ... မာမီ့ကိုလည်း ဖုန်းဆက်ပြောလိုက်အုံး"
"ဒါနဲ့ ချစ်ထား သမီးကျောင်းမှာလာကြည့်အုံးမယ်နော်.. ချစ်ထား ခွင့်ပြုမှပါ ... သမီးမနေ့က မှားသွားပါတယ်" ခွင့်တောင်းသော အသံလေးဖြင့်
"မဟုတ်တာ ချစ်ထားကသာ မှားသွားတာပါ မနေ့က ဆူမိတဲ့ အတွက်ရော၊ ဒီနေ့ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့အတွက်ရော ဆုချတဲ့အနေနဲ့ ဘာလိုချင်လဲ စဉ်းစားထားနော် သမီးလေး" ဟုဆိုကာ ဖုန်းချသွားလေသည်။
————————————————————
"ဟယ်လ်ို မာ့မီသမီးလေးရေ ... congratulations ပါ... All D နဲ့အောင်တာဆိုတော့ အမှတ်ကဆေးအမှတ်ဝင်ပြီပေါ့ .... သမီးရမယ့် အမှတ်နဲ့ဆို US မှာ ကျောင်းချိတ်လို့ရတယ် ... သမီးမာ့မီတို့ဆီမှာ university လာတက်ရမှာနော်""ဟုတ်ကဲ့ပါ မာမီ... အခုအမှတ်လည်း မထွက်သေးတော့ ဘာမှသေချာပြောလို့မရသေးပါဘူး ၊ နောက်မှ အဲ့အကြောင်းဆက်ပြောကြတာပေါ့"
(စိမ်းမာမီသည် 'စိမ်း' က်ိုးတန်းမတက်ခင်လောက်ကတည်းက စိမ်းကို ဆယ်တန်းအောင်ရင် USA မှာ တက္ကသိုလ် လာတက်ဖို့ပြောဖူးလေသည်။ ထိုအချိန်တုန်းကတော့ 'စ်ိမ်း သည် 'ထား' နဲ့လည်းမတွေ့သေးသဖြင့် လာတက်မည်ဟု ကတိပေးထားမိသည်။ နောက်ပိုင်း မာမီ့ဆီဖုန်းဆက်တိုင်း ကျောင်းကိစ္စတွေပြောရင် 'စိမ်း' စကားလမ်းကြောင်း လွှဲလွှဲလိုက်သည်။ တစ်ခုခုကို လုပ်မယ်လို့ပြောထားမိရင် 'စိမ်းမာမီ' သည် မရရအောင် လုပ်တတ်သည် )
'စိမ်း' သည် ဖုန်းချအပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်ကာ "ငါဘယ်လိုဆက်လုပ်ရမလဲ ၊ ချစ်ထားကိုလည်း မပြောချင်ဘူး၊ သူသိရင်စိတ်ညစ်နေလိမ့်မယ်၊ သိဘူးဟာ အမှတ်ထွက်လာမှပဲ ဆက်စဉ်းစားလိုက်တော့မယ် ..." ဟု တွေးနေလေသည်။
—————————————————————-
အပိုင်း (၁၇) မျှော်

ŞİMDİ OKUDUĞUN
ချစ်ခြင်းအစ... မုန်းခြင်းက
RomantizmAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...