Part 24 (Uni)

5.4K 236 4
                                    

ဝင်ဝင်သွားချင်း တွေ့လိုက်ရသော မြင််ကွင်းကြောင့် 'စိမ်း' ဆွံ့အသွားသည်။ ကုတင်ပေါ်မှာ ပိုက်တန်းလန်းနဲ့ထားကို ဘေးမှညီမဖြစ်သူက ဆန်ပြုတ်ခွံ့ကျွေးနေသည်ကို မြင်လိုက်ရသဖြင့် 'စိမ်း' ရင်ဘတ်ထဲ စုတ်ဆွဲထားသလို ခံစားရလေသည်။

တစ်ဖက်မှ 'ထား' မှာလည်း မျက်ရည်များပင်ကျလာကာ "သမီးလေး" ဟု ဖျော့တော့တော့အသံလေးဖြင့်

'စိမ်း' လည်း 'ထား' အား ပြေးဖက်လိုက်ပြီး " ချစ်ထား သမီးအရာအားလုံးအတွက် တောင်းပန်တယ်နော်၊ သမီးအခု ချစ်ထားနား ပြန်ရောက်အောင် လာခဲ့ပြီနော်၊ ချစ်ထား စိတ်ချမ်းချမ်းသာသာ နေတော့နော်" ဟု 'ထား' ခေါင်လေးကို သူမရင်ခွင်ထဲ ထည့်ထားပြီး ဆိုလိုက်လေသည်။

ဘေးမှ ညီမဖြစ်သူကလည်း 'ထား' အခန်းထဲတွင် စိမ်းနှင့် တွဲရိုက်ထားသော ပုံလေးကို အိပ်ရာဘေးက စားပွဲခုံတွင် တင်ထားတာကို မြင်ခဲ့ကတည်းက တွဲနေကြမှန်း ရိပ်မိနေခဲ့သည်။

"ညီမလေး မမကို ပြောပါအုံးကွယ် ဘာမှသေချာမစားဘူး သူအစားစားမှ မြန်မြန်ပြန်ကျန်းမာမှာ အခုလည်း မနည်းချော့ကျွေးနေရတာ"
"ပေးအမ စိမ်း ကိုယ်တိုင်ကျွေးလိုက်မယ် ဪ အမ ချစ်ထားဆေးရုံက မဆင်းရမချင်း ညီမစောင့်ပေးမယ်အမ"
"အေးပါ ညီမလေးရယ် အမစိတ်ချမယ်နော် အမလည်း နောက်နေ့တွေ လာခဲ့ပါအုံးမယ်"

'ထား' မှာလည်း သူမမျှော်လင့် တောင့်တနေခဲ့ရသော 'စိမ်း' စောင့်ပေးမယ်ဆိုတော့ ပျော်သွားရှာသည်။

"ချစ်ထား ဒီဆန်ပြုတ်လေးကုန်အောင် သောက်နော် သမီးခွံ့ကျွေးမယ်" ထား လည်း ဘာမှမပြောဘဲ စားနေရှာသည်။
"ချစ်ထား သမီးကို စိတ်ဆိုးနေတာလား၊ အင်းပေါ့ သမီးကလည်း စိတ်ဆိုးအောင် လုပ်မိထားတာကို"
"မဆိုးပါကွယ် ချစ်ထားကလည်း စမှားတာကို"
"ဒါတွေပြန်မပြောပါနဲ့တော့ ချစ်ထားရယ်၊ သမီးလည်း နောက်ထပ်ချစ်ထားနဲ့ ခွဲပြီးတော့ ဘယ်မှမသွားတော့ဘူးနော်၊ အဓိကက ချစ်ထား မြန်မြန်ကျန်းမာအောင်လုပ်နော် ၊ သမီးတို့လုပ်စရာတွေ အများကြီးရှိသေးတယ်"
"ဟုတ်ပါပြီ ၊ သမီးလေးမျက်နှာ မြင်လိုက်ကတည်းက ချစ်ထားအားတွေ ရှိသွားပြီ သိလား"
"တစ်ကယ် ....." ဟု မျက်လုံးအပြူးသားလေးဖြင့် မေးလိုက်သော 'စိမ်း' အား

ချစ်ခြင်းအစ... မုန်းခြင်းက Where stories live. Discover now