" တီချယ့်ပါးလေးက မွှေးလိုက်တာ၊ မွှေးမွှေးပေးလို့ အရမ်းကောင်းတာပဲ" ဟု ပြောပြီးနောက်ပါးတစ်ဖက်အား ထပ်ပြီးနမ်းလိုက်ပြန်သည်။
စိိမ်း၏အနမ်းများကို ပြုံးပြုံးလေးခံယူနေသော 'ထား'
"တော်ပြီသမီးရယ် တီချယ်ပြောအုံးမယ် .... သမီိးမနက်ဖြန် ကျောင်းလာမှာလား" (စိမ်းတို့သည် ၁၀တန်းနှစ်ဝက်လောက်ရောက်နေပြီဖြစ်၍ တစ်ပတ်ကို နှစ်ရက်လောက်သာ ကျောင်းသွားရသည်။ )
"လာမှာလေ တီချယ်ရဲ့ ဘာလို့လဲဟင်"
"သမီးကြိုက်တဲ့ ပြောင်းဖူးထောင်းလေး တီချယ်လုပ်လာခဲ့ပေးမယ်။ မနက်ကျောင်းရောက်ရင် လာယူနော် သမီး"
"ဟုတ်၊အာ့ကြောင့် တီချယ်ကို အရမ်းချစ်နေရတာ"
"ပြောရအုံးမယ် ... အခုသမီးကပိုင်ရှင်ရှိသွားပြီဆိုတော့ .....
" ကျောင်းရောက်ရင် တစ်ခြားဆရာမတွေကို အရမ်းခင်ခင်မင်မင် မဆက်ဆံရဘူး၊ ပြီးရင် အိမ်သာကို ပျင်းတိုင်း ခဏခဏမသွားရဘူးနော်၊ ကောင်လေးတွေက သမီးကို ရိသဲ့သဲ့လာလုပ်ရင် မသိချင်ယောင်ဆောင်နေ၊ အဲ့ထက်ဆိုးလာရင် တီချယ့်ကိုလာတိုင်၊ နောက်ဆုံးတစ်ချက်က တီချယ်ကလွဲပြီး တစ်ခြားသူတွေကို အရမ်းမပြုံးပြနဲ့၊ ကြားလား သမီး" ဟု စိမ်း ဆံပင်လေးများအား နားကြားညှပ်ပေးရင်း ပြောနေလေသည်။
"တီချယ်က သမီးကို အူတိုနေတာလား၊ ဖွင့်ပြောတာက သမီးပါနော်"
"ချစ်လို့အူတိုတာ ဘာဖြစ်လဲ ၊ အရင်ထဲက ပြောချင်တာ သမီးကိုတီချယ်က မပိုင်သေးလို့ ကြည့်နေရတာ" "အရေးကြီးတာ တစ်ခုကျန်သေးတယ် သမီးစာကိုပိုကြိုးစားရမယ်နော်၊ နှစ်ဝက်စာမေးပွဲမှာ အမှတ်တွေမကောင်းတာနဲ့ တီချယ်နဲ့သမီးနဲ့က တစ်စိမ်းတွေလိုဖြစ်သွားမှာနော် ကြားလား"
"မကြားဘူး တီချယ် ဟီး"
"ဒီကောင်မလေး မျက်နှာလာပြောင်နေတယ် လူကြီးကို"
—————————————————————
ကျောင်းရောက်သော် 'စိမ်း' မှာ ငြ်ိမ်ငြိမ်လေးကုပ်နေသည်" မနက်က တီချယ်ထား အခန်းထဲပြောင်းဖူးထောင်းသွားယူတော့ ပေါင်မုန့်နဲ့အအေး စိမ်းစားနေကျ အချဉ်တွေပါ ထည့်ပေးလိုက်သဖြင့် သူမကို တီချယ်မုန့်စျေးတန်းပါ မဆင်းစေချင်မှန်း သဘောပေါက်လေသည်" ထို့ကြောင့် စိမ်းလည်း သူငယ်ချင်းများနဲ့ မုန့်စျေးတန်း မလိုက်သွားဖြစ်ချေ။'ထား' လည်း ထမင်းစားပြီးတော့ ဟိုလျှောက်ဒီလျှောက်နဲ့ နားနေခန်းကနေ 'စိမ်း' တို့အခန်းဘက်လျှောက်လာရင်း 'စိမ်း' မုန့်စျေးတန်း သွား၊မသွား လာကြည့်လေသည်။ သူပေးထားတဲ့ မုန့်နဲ့အအေးကို အားရပါးရ စားနေသော 'စိမ််း' (ဘေးနားသွားထ်ိုင်ပြီး ခွံ့ကျွေးချင်သော်လည်း တစ်ခြားကျောင်းသားများ ရှိနေသောကြောင့် ခြေလှမ်းများရပ်တန့်လိုက်ရသည်။ )
"ငါ့သမီးလေးက လိမ္မာသားပဲ ၊ မုန့်စျေးတန်းတောင်မသွားတော့ဘူး" ဟု တွေးနေတုန်း 'စိမ်း' က 'ထား' အားတွေ့သွားပြီး အစွမ်းကုန်ပြုံးပြလိုက်ပြီး နှစ်ယောက်သား မျက်လုံးချင်းစကားပြောနေကြလေသည်။
'ထား' လည်း စိတ်အေးသွားပြီး နားနေခန်းသို့ ပြန်နေသည့် လမ်းတစ်လျှောက်တွင် စဉ်းစားမိနေသည်မှာ "ငါသမီးကို အရမ်းချုပ်ချယ်နေသလိုများ ဖြစ်နေလား... အို ... ဒါတွေက သမီးကိုချစ်လို့ပဲဆိုတာ သမီးသိမှာပါလေ"
————————————————————
အပိုင်း (၁၂) မျှော်
YOU ARE READING
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...