မင်္ဂလာဦးညကို ထိုဟိုတယ်လေးမှာပင် သူမတို့ဖြတ်သန်းကြမည်ဖြစ်သည်။သမီး ကျောင်းပြီးရင် ချစ်ထားတို့ကလေးယူကြမလားဟင်"
"ဟာ .... မယူပါဘူး .... ချစ်ထားရဲ့ အချစ်တွေကို သမီးတစ်ယောက်ထဲပဲ လိုချင်တာ သမီးဘယ်သူနဲ့မှ ခွဲဝေမလိုချင်ဘူး ... ချစ်ထားရဲ့ စိတ်အာရုံတွေ ခံစားမှုတွေ အားလုံးက်ို သမီးတစ်ယောက်ထဲဆီမှာပဲ ရှိစေချင်တာ .... နှစ်ယောက်တစ်ဘဝပဲ ချစ်ထားနဲ့ နေချင်တယ်နော်"
"တော်တော်အတ္တကြီးတဲ့ သမီး" ဟု ' စိမ်း' နှာခေါင်းလေးအား ညှစ်ရင်း ဆိုလိုက်လေသည်။
"ချစ်ထားလေ ဆရာမအလုပ်က ထွက်မလားလို့ ညီမကုမ္ပဏီက ရှယ်ယာတွေလည်း ရနေတော့ ပိုက်ဆံကိစ္စက စိတ်မပူရဘူး .... သမီးဆေးကျောင်းတက်ရင် သမီးကို မနက်ကျောင်းသွားဖို့ ပြင်ဆင်ပေးရမယ် .... ကျောင်းကို လိုက်ပို့ပေးရမယ် လိုက်ကြိုရမယ် .... သမီး ကျောင်းပိတ်ရက် တစ်ပတ်တစ်ရက် သမီးနဲ့
အပြင်လျှောက်သွားကြမယ်" သူ့အစီအစဉ်နဲ့သူဟုတ်နေသော 'ထား'
"ဟာ.... ချစ်ထားကလည်း သမီးအတွက်ကြောင့်နဲ့ ဝါသနာပါတဲ့ ဆရာမအလုပ်က်ို မစွန့်လွှတ်ပါနဲ့..."
'စိမ်း' ဘယ်လောက်ပြောပြော 'ထား' မှာ ဝါသနာပါတဲ့ ဆရာမအလုပ်က ထွက်လိုက်ပြီး ' စိမ်း' ကိုပဲ အရုပ်ကလေးတစ်ရုပ်လို အရိပ်တကြည့်ကြည့် ဘေးကနေ လိုအပ်သည်များကို ဖြည့်စည်းပေးကာ ဂရုစိုက်နေသည်။
တစ်ခါတစ်လေ တစ်နေ့လုံးနီးပါး အိပ်ရာထဲမှာပဲ ချစ်ကြရင်း အချိန်ကုန်သွားကြတဲ့ နေ့များစွာလည်းရှိသလို တစ်ခါတစ်ရံ စိတ်သဘောထားချင်း မတိုက်ဆိုင်ဘဲ အော်ဟစ်ရန်ဖြစ်ကြတဲ့ နေ့တွေလည်း ရှိကြပါ
တယ် ....
မည်သို့ပင်ဆိုစေကာမူ တစ်ကယ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးဖြစ်ကြတဲ့အတွက် အချစ်တွေက ယုတ်လျော့သွားခြင်းမရှိတဲ့အပြင် တစ်ယောက်အပေါ်တစ်ယောက် ဘာမှသဘောကျစရာမရှိရင်တောင် ချစ်နေကြတာမျိုး .... အော်ဟစ်ရန်ဖြစ်နေကြပေမယ့်လည်း ရင်ထဲမှာ ချစ်ခြင်းတရားများရှိနေကြ တဲ့အတွက် ပြသာနာကြီးကြီးမားမား မရှိကြပေ.....
တစ်ရက်ပြီး တစ်ရက် တစ်လပြီး တစ်လ တစ်နှစ်ပြီး တစ်နှစ် နွေ မိုး ဆောင်း ဥတုသုံးပါးလုံးကို သူမတို့နှစ်ယောက် အေးတူပူမျှ ဖြတ်သန်းရင်း ၇ နှစ်ကျော် အချိန်ကာလကို ရောက်ရှ်ိလာပြီဖြစ်သည်။
နှစ်ယောက်အိပ် ကုတင်ထက်တွင် 'ထား' ရင်ခွင်ထဲသို့ တိုးဝင်ကာ ချွဲနေသော 'စိမ်း' လေးးးးးး
" ဟိုးးး ငယ်ငယ်ကတည်းက ဒိီရင်ခွင်ထဲမှာ ချွဲခဲ့ ချစ်ခဲ့ပေမယ့် အခုထိကို ချွဲလို့မဝ ချစ်လို့မဝသေးဘူး ချစ်ထားရယ်"
" သမီး အသက် (၁၅) နှစ်ကတည်းက ချစ်ခဲ့ရတာ အခုတော့ ဘွဲ့ရလို့ ဆရာဝန်မကြီးတောင် ဖြစ်နေပြီ .... အိမ်ထောင်သက်တမ်း ၇ နှစ်ကျော်လာပေမယ့် အခုထိ သမီးလေးကို ချစ်လို့မဝသေးဘူးကွယ် .... တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ချစ်နည်းမျိုးစုံနဲ့ကို ချစ်နေရတယ်"
"အရင်ကထက် အခုပိုချစ်မိသလို နောင်လာမယ့် နှစ်ပေါင်းများစွာမှာလည်း အခုထက် ပိုချစ်မိနေမှာ အမှန်ပါ..... သမီးလေးကလည်း ချစ်ထားရဲ့ ချစ်မဝလေးပါ" ဟု ဆိုရင်း 'စိမ်း' ခေါင်းလေးအား ရင်ခွင်ထဲသို့ အတင်းဆွဲကာ ဖက်ထားလိုက်လေသည်။
(ပြီးပါပြီ)
Readers လေးတို့လည်း ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ်ကချစ်ရတဲ့သူ တစ်ထပ်တည်းကျပြီး အချစ်ဖြင့်လွှမ်းခြုံထားသော နေရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေဟု ဆုတောင်းရင်း နှုတ်ဆက်ခဲ့ပါတယ်ရှင် .......
ဖတ်ပေးကြတဲ့ စာဖတ်သူ တစ်ယောက်ချင်းစီတိုင်းကို ရင်ထဲမှ အမှန်တစ်ကယ် ကျေးဇူးတင်လျက် .....
#Charcoal
YOU ARE READING
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...
