'စိမ်း' သည် သူမအားဆုချသည့်အနေနှင့် ငပလီကို လိုက်ပို့ရန် 'ထား' အား ပြောလိုက်သောအခါ " ပို့ပေးရမှာပေါ့ .... သမီးကြိုက်တဲ့ဟိုတယ်သာရွေးထားလိုက်တော့နော်" 'ထား' မှ သဘောတူသဖြင့် 'စိမ်း' ဟိုတယ်လေးတွေ ရွေးနေသည်။
"ချစ်ထား ... သမီးက seaview နဲ့ကို private pool ပါတဲ့ ဟိုတယ်လေးရွေးထားတယ်။ စျေးတော့နည်းနည်းကြီးမယ် ရလားဟင်"
"သမီးပျော်ဖို့အတွက်ပဲ ဘယ်လောက်ကုန်ကုန်"
အမှန်ဆို 'စိမ်း' မှာ နောက်ပိုင်း အခြေအနေတွေ ဘာဖြစ်လာမယ်မှန်း မသိနိုင်၍ 'ထား' နဲ့ ပျော်ရွှင်စရာ အမှတ်တရလေးများ လိုချင်၍သာဖြစ်သည်။
လေယာဉ်ပျံကြီးစီးကာ သူမတို့နှစ်ယောက် ငပလီကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ 'ထား' လည်း 'စိမ်း' ယူထားတဲ့ အခန်းက်ိုကြည့်ကာ သဘောကျနေလေသည်။ "သမီးရေ... တစ်ကယ်စိတ်အမောပြေစရာလေးပဲ ... ကုတင်ကနေလည်း ကမ်းခြေကို လှမ်းမြင်နေရတယ်နော်၊ ဟိုတယ်ရွေးတာ သမီးသိပ်တော်တာပဲ"
"ချစ်ထားရေ မသိရင် သမီးတို့ ဟန်နီးမွန်းခရီးလေး ထွက်လာတာကြနေတာပဲ... ဟိ"
ကြိုးတစ်ချောင်း ဂါဝန်ရှည်လေးကိုဝတ်ထားပြီး ဦးထုပ်အကြီးကြီးဆောင်းထားသော 'ထား' နောက်ကကြည့်ရင် လုံးဝဆယ်ကျော်သက်ပဲ .... ဂျင်းဘောင်းဘီတို အင်္ကျီလက်ပြတ်လေးနဲ့ 'စိမ်း' နှစ်ယောက်သား ကမ်းခြေမှာ ရေဆော့ကာ ပျော်ပါးနေကြလေသည်။
ကောင်းကင်ပြာပြာကြီးအောက် ရေလှိုင်းများကြားတွင် လက်ချင်းတွဲကာ ပြေးလွှားကစားနေကြသော ချစ်သူနှစ်ဦး ...........
"အခုချိန်လေးတွင် ကျွန်မတို့ထက် ပျော်နေကြတဲ့သူများ ကမ္ဘာပေါ်တွင် ရှိနိုင်မည်မဟုတ်မှာ သေချာပါသည် .... ကျွန်မလက်ကို ဆုပ်ကိုင်ထားတဲ့ နူးညံ့သောလက်ကလေးများ .... ထိုလက်ကလေးများကို ဆုပ်ကိုင်ရင်း ဘယ်လောက်ကြမ်းတဲ့ ခရီးဖြစ်ဖြစ် ကျွန်မ မမောနိုင်မပန်းနိုင် သွားနေမှာပဲ ..... နောက်တစ်ခုက လှပပြီးအပြစ်ကင်းစင်လှတဲ့ အပြုံးလေးများ .. ထ်ိုအပြုံးလေးများကို မြင်ရဖို့အတွက်ဆို ကျွန်မဘာပဲလုပ်ပေးရ လုပ်ပေးရ လုပ်ပေးမိမှာပဲ ... ကျွန်မသည် သမီးကို အရမ်းချစ်ပါတယ် .... သမီးက ကျွန်မကို ချစ်တယ်ဆိုတာထက် အဆထောင်သောင်းမက ကျွန်မသမီးကို ပိုချစ်ပါတယ်" သူမ လက်ကိုဆုပ်ကိုင်ထားရင်း သူမပုခုံးလေးပေါ် မှီနေသော 'စိမ်း' ကို ကြည့်ရင်း တွေးမိသောအတွေးစလေးများ ............
အပိုင်း (၁၈) မျှော်
YOU ARE READING
ချစ်ခြင်းအစ... မုန်းခြင်းက
RomanceAge gap lesbian fic လေးပါ။ အခုမှ ပထမဦးဆုံ စရေးတာမို့လို့အားပေးကြပါအုံး...
