Chapter(18.2)

323 51 5
                                    

[Unicode]

ဟွားချဲ့သည် ဝိဉာဉ်စွမ်းအင်ဆေးရည်များထည့်ထားသော ကျောက်စိမ်းဆေးပုလင်းကိုကိုင်ထားရင်း အဝေးကိုလှမ်းကြည့်ကာ မေးသည်။
"တခြားလူတွေရော ဘယ်လိုလဲ?"

"မီးငြှိမ်းလိုက်နိုင်ပြီးတော့ နောက်ဆက်တွဲဆိုးကျိူးတွေကို သူတို့ဆက်ဖြေရှင်းနေကြတယ်"
ချူးပင်းဟွမ်က သူ့ကို တိုက်တွန်းသည့်လေသံဖြင့်
"သူတို့နဲ့ပတ်သက်ပြီး မင်းစိတ်ပူနေစရာ ဘာမှမလိုဘူး။ မင်းဆေးကိုပဲ အရင်သောက်လိုက်"

လက်ထဲတွင်ကိုင်ထားသော ဆေးပုလင်းကို ဟွားချဲ့လှုပ်ကြည့်မိသည်။ အတွင်းမှဆေးရည်များသည် ဘောင်ဘင်ခတ်ရင်း သူတို့ကိုသောက်သုံးဖို့ ဖော်ရွေစွာလက်ယပ်ခေါ်နေသော်လည်း ဟွားချဲ့သည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိသည်။

ချူးပင်းဟွမ်နဲ့ သူသိလာတာ နှစ်ပေါင်းတစ်ရာလောက်ရှိနေပြီ။ ဒါကြောင့် ဒီအပိုင်းနဲ့ပတ်သက်ရင် ဟွားချဲ့အလူးအလဲခံစားခဲ့ရဖူးသည်။

ဟုတ်တယ်လေ...ကောင်းကင်နဲ့မြေပြင် နှစ်ခုလုံးမှာ ဘာကိုမှကြောက်ရွံ့ခြင်းမရှိတဲ့ နတ်ဆိုးဘုရင် ဟွားချဲ့!!....ဆိုပေမယ့် ချူးပင်းဟွမ်ရဲ့ဆေးတွေကိုတော့ သူကြောက်နေရသည်။

ချူးပင်းဟွမ်ချက်ပေးသမျှဆေးတိုင်းက အလွန်အမင်း ဆိုးဆိုးဝါးဝါး ခါးသက်နေပြီး လောကတစ်ခွင်ကိုတောင် တုန်လှုပ်ချောက်ချားမှုအပြည့်ပေးစွမ်းနိုင်သည်။ ပါးစပ်ထဲကို တစ်ငုံလောက်ဝင်သွားတာနဲ့ နောက်တစ်ငုံထပ်သောက်ဖို့ စိတ်ကူးတောင်ယဉ္ရဲမည်မဟုတ်တော့။

ချူးပင်းဟွမ်က ထိုဆေးများကို
"မင်းနောက်တစ်ခါ နေမကောင်းထပ်ဖြစ်ရဲသေးလားဆိုတာ ကြည့်ကြသေးတာပေါ့" သက်ရောက်မှုဟုသတ်မှတ်ထားသည်။ ထိုဆေးရည်များသည် သူ့ကိုအရူးတစ်ပိုင်း ထွက်ပြေးချင်စိတ် ဖြစ်သွားစေသည်အထိ ခြိမ်းခြောက်နိုင်စွမ်းရှိခဲ့သည်။

ယခုမူ ဆေးပုလင်းထဲမှ လှုပ်ခတ်လျက်ရှိသော ဆေးရည်များအသံကိုကြားနေရရုံနှင့် ဟွားချဲ့တစ်ယောက် ကြက်သီးထရန် လုံလောက်နေပြီဖြစ်သည်။ သူငိုချင်လာပြီ။

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now