Chapter(19.1)

263 42 0
                                    

[Unicode]

"အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့!"
ချူးပင်းဟွမ် ပြင်းထန်စွာအော်ပစ်လိုက်သည်။

ချူးပင်းဟွမ် ဒီလောက်ပြင်းပြင်းထန်ထန်တုံ့ပြန်လိမ့်မယ်လို့ ဟွားချဲ့မမျှော်လင့်ထားခဲ့မိပေ။ ဟွားချဲ့သည် အမှန်တကယ်ပင် နေထိုင်ရခက်ကာ ခံစားချက်မကောင်းသည့်အတွက် ပြောမိနေခြင်းဖြစ်ပြီး သူ့ကို တမင်တကာနှောင့်ယှက်နေခြင်းမဟုတ်ပေ။

ဟွားချဲ့က သူ့ကိုယ်သူတက်ကြွသည့်အသွင်ဟန်ဆောင်ကာ နှစ်သိမ့်စကားဆိုသည်။
"ဆေးပညာကျွမ်းကျင်သူတွေက လူသားတွေရဲ့ကံကြမ္မာကို ပိုခန့်မှန့်နိုင်ကြတာပဲလေ...မင်းလည်း တဖြည်းဖြည်းနေသားတကျဖြစ်သွားရင် အဆင်ပြေသွားမှာပါ"

ချူးပင်းဟွမ်သည် ဟွားချဲ့၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ပြီး သူ၏ညာလက်ဖြင့် ဟွားချဲ့၏နဖူးကိုစမ်းလိုက်သည်။

"မင်းဒီလိုအဓိပ္ပာယ်မရှိတာတွေပြောနေတာ အဆန်းတော့မဟုတ်ဘူး။ မင်းဖျားနေပြီ"

"အာ.."
ဟွားချဲ့က ထိုအချက်ကိုပျော်ရွှင်စွာလက်ခံလိုက်သည်။ သို့သော် အဖျားတက်နေခြင်းကို သိပ်အလေးအနက်မထားနေပေ။

အဲ့ဒီအစား သူက လေးနက်စွာတိုက်တွန်းသည့်ဟန်ဖြင့်
"မြန်မြန် ငါ့ကိုစုတ်တံတစ်ချောင်းယူပေးစမ်းပါ အ! ငါ့ဘာသာလုပ်ဆောင်ဖို့ လုံလောက်တဲ့အားမရှိတော့ဘူး။ ဒါကြောင့် မင်းငါ့အစား ကူရေးပေးပါ"

ချူးပင်းဟွမ် စိတ်ရှုပ်ထွေးသွားရသည်။
"ဘာရေးမှာလဲ?"

ဟွားချဲ့က သေလုနီးပါးဖျော့တော့စွာဖြင့် လေးနက်စွာပြန်ဖြေလိုက်သည်။
"မင်းကြိုက်တာနဲ့မကြိုက်တာတွေကို ချရေးလိုက်... ဒါမှ မင်းရဲ့အနာဂတ်ဇနီးသည်လေးကိုပြဖို့ ပေးခဲ့လို့ရမှာ ကျွတ်စ် ကျွတ်စ်! ငါအရာအားလုံးကို မေ့မသွားခင် မြန်မြန်... မြန်မြန်ချရေးစမ်းပါ"

ချူးပင်းဟွမ် : " . . . . . "

မဟုတ်သေးဘူး! အဖျားတက်ပြီး ဦးနှောက်မူမမှန်တော့တဲ့လူနာတစ်ယောက်နဲ့ စကားပြိုင်မများသင့်ဘူး!

"မီးရှို့သူက ဘယ်သူလဲ?"
အနာဂတ်ဇနီးသည်အကြောင်း မဆွေးနွေးချင်တော့သူ ချူးပင်းဟွမ်သည် ချက်ချင်းခေါင်းစဉ္ပြောင်းပစ်လိုက်သည်။ အသံကိုအနည်းငယ်တိုးလိုက်ကာ လေးနက်စွာမေးလိုက်သည်။
"မင်းသူတို့ကို မြင်လိုက်ရလား?"

Everyday, Demon Lord is Escaping His Marriage {MM Translation}Tempat cerita menjadi hidup. Temukan sekarang