စာမျက်နှာ-(၁)|Uni+Zaw|

8.2K 456 67
                                    

Unicode

|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

မြန်မာနှစ်-၁၂၉၁ခုနှစ်၊နတ်တော်လဆန်း(၂)ရက်။
ဒီဇင်ဘာလ (၂)ရက်၊၁၉၂၉။
တနင်္လာနေ့..။

~~~~~~

"ချစ်ခြင်းမေတ္တာဟာ အသေးစိတ်ဆန်တဲ့
အနုပညာတစ်ရပ်ပါပဲ ကိုသန့်မောင်"

အနှီ'တင်တင်မြ'ဟုအမည်ရသော မိန်းမငယ်၏ စကားသံမှာ အကြားအာရုံများထံ ယခုထိဝေ့သီ
နေချေသေး၏။မြို့အုပ်မင်း၏နှလုံးသားကား
အေးစက်တည်ငြိမ်သူတစ်ယောက်ပမာနှယ်။တည်ငြိမ်သော မြို့အုပ်မင်းစီးနင်းလာသည့်
ဖို့ဒ်မော်တော် ကားမှာ'ဂန္ဓမာမြိုင်'အရပ်သို့
မကြာမီဆိုက်တော့မည်လည်းဖြစ်သည်။

ဂန္ဓမာမြိုင်သည် မြို့အုပ်မင်း၏ခြံဝန်း၊
နေအိမ်ဖြစ်ရာ၊ဂန္ဓမာများမြိုင် နေတတ်သည့်
မြို့အုပ်မင်းတာဝန်ကျရာ 'ကြောင်ခြစ်ပိန်း'ရွာ၌
ရှိ၍ ထိုသို့အမည်တပ်ကာ အစွဲပြုခဲ့ခြင်းပင်။

မိနှင့်ဖမှာ ဓနရှင်များဖြစ်လင့်ကစား၊ဖခင်မှာ
ဝတ်လုံတော်ရလည်းဖြစ်သည်။

'မြို့အုပ်မင်း မြတ်မင်းသန့်မောင်'ဟုဆိုလျှင် လာဘ်စားမှုကင်းသော၊ဖြောင့်မတ်တည်ကြည်သော၊ပေးကမ်းစွန့်ကြဲတတ်သောစသည်
ဂုဏ်ပုဒ်များနှင့် ကျော်ကြားသူလည်းဖြစ်ပေ​၏။

အများစုသော မြို့အုပ်မင်း၊အရေးပိုင်မင်း
စသောစသော အရာထူးအရာခံ ထိုသို့ဂုဏ်ပုဒ်
ကြီးများနှင့်ပုဂ္ဂိုလ်များမှာ အင်မတိအင်မတန်
ကိုပင် မိမိအကျိုးများအတွက်သာ ရှေးရှုတတ် သော လူများဖြစ်ကြပြီး၊'ဘုရား'ဟု အထူးခံရ
ခြင်းအား စိတ်လုံ၊စိတ်သန့်စွာအခေါ်ခံယူကြ
သော အခွင့်ထူးခံ ပုဂ္ဂိုလ်ကြီးများလည်းဖြစ်ကြ
ပေသည်။

ယခုမြို့အုပ်မင်း မြတ်မင်းသန့်မောင်မှာတော့
ထိုသို့အစားထဲ မပါဝင်ခဲ့ချေ။

"နုထွေးရေ လာအုံးဝေ့..မြို့အုပ်မင်းပြန်ရောက်
ပြီဗျို့"

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Where stories live. Discover now