စာမျက်နှာ-(၁၁)|Uni+Zaw|

2K 162 12
                                        

Unicode

၁၁|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

မြန်မာနှစ် ၁၂၉၁ခုနှစ်၊နတ်တော်လဆုတ်(၄)ရက်။
(၁၉.၁၂.၁၉၂၁)-ကြာသပတေးနေ့။

ကြောင်ခြစ်ပိန်းရွာ​၏ သုခမြိုင်ထန်းတော။

~~~~~~

'သုခမြိုင်'ဟုအမည်ရသော ထန်းတော၊
ထန်းရည်ဆိုင်ဆီသို့ မြို့အုပ်မင်းမှာ ခပ်သွက်
သွက်လျှောက်လို့လာနေ​သည်။

နောက်ပါးဆီမှ ဖိုးထီမှာလည်း ထိုမြို့အုပ်မင်း​
ဦးတည်ရာသို့သာ လိုက်ပါလာခဲ့သည်။
မြို့အုပ်မင်း၏မျက်နှာမှာကား တည်ကြည်ရှင်း
လင်းစွာ၊နှုတ်ခမ်းတစ်စုံမှာ တင်းတင်းစေ့ထား
ခြင်းလည်းခံနေရသည်။

ထန်းရည်ဝိုင်းတစ်ဝိုင်းဆီသို့ရောက်လျှင်
ခြေလှမ်းများကိုရပ်ကာ လက်နောက်ပစ်လျက်၊သကာရည် ကဲ့သို့ ချိုမြပါသောအသံဖြင့် နှုတ်မှ
ဖွင့်ဟခေါ်လာသည်က-"ဆရာဝန်လေးကြည်သာ" ဟုသာဖြစ်သည်။

ဖိုးထီမှာ အကင်းပါးသူပီပီ ကြည်သာနှင့်အခြေ
အနေကိုရိပ်စားမိပြီးဖြစ်ပါသော်လည်း မြို့အုပ်
မင်းက သူတို့အရှေ့ထံ နုနုယွယွဆိုတတ်လိမ့်မည် ဟု မထင်မှတ်ခဲ့ပေ။ယခု မြို့အုပ်မင်းက ဒေါသ
ထွက်ဟန်ပေါက်သော်ငြား အမှန်မှာ စိုးရိမ်စိတ်
များကသာ ကိန်းအောင်းနေသည်ကို ဖိုးထီသိလိုက် ရသည်။

ကြည်သာက သန့်မောင်ရောက်နေသည်ကိုမသိသေးစွာ ထန်းရည်တစ်လှည့်၊ကြက်ကြော်တစ်ဖဲ့
ဖြင့် စည်းစိမ်ခံနေသည်။ဖိုးထီနှင့်ဘထွန်းကမူ
သန့်မောင်​၏ အသံကိုမကြားကြသေးချေ။
သန့်မောင်က နက်သောမျက်ခုံးတန်းများကို
ကြုတ်ကာ ခေါ်သံထပ်ထွက်လာပါသော်လည်း၊
ပင်ကျထန်းရည်ချိုမြမြကဲ့သို့ အသံမှာချိုမြနေ​၏။

"ကြည်သာလေး"

"ဘုရား"

"ဗုဒ္ဓေါ!.."

သန့်မောင်မှာ သူ​၏နဖူးထံ သူ့ကိုယ်သူသာ
လက်ဖဝါးဖြင့် ရိုက်ချမိ​လိုက်သည်။

"ကြည်သာ ကျုပ်ကိုဘယ်လိုများ ပြန်ထူးလိုက်
သလဲ"

"ဘုရား..အေ့!"

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Wo Geschichten leben. Entdecke jetzt